ဘယ်လက်အနေအထား - လက်မဟာ fretတံရဲ့အောက်တဝက်မှာပဲရှိရပါမယ် ။ လက်ဖဝါးဟာဂစ်တာfretတံကိုခွထားပြီး လက်ချောင်းထိပ်လေးတွေနဲ့တီးပါ ။
လက်ဖဝါးကြီးနဲ့ဆုပ်မထားရဘူး လက်အပြားလိုက်ကြီးမတီးရပါဘူး ။ :) တတ်နိုင်သလောက်ညာဘက်ကြေးဘားနားမှာကပ်ပြီးတီးရပါမယ် ။ Fingeringတီးတဲ့အခါ -
ဥပမာ- နံပါတ်၁ကြိုးရဲ့ လက်ကွက် ၁.၂.၃.၄ ကို လက်ချောင်း ၁.၂.၃.၄ (လက်ညိုး၁၊လက်ခလယ်၂၊လက်သူကြွယ်၃၊လက်သန်း၎)နဲ့တီးတယ်ဆိုပါစို့ .. ။
ရှေ့ကတီးခဲ့တဲ့လက်ချောင်း၁.၂.၃ကိုပြန်မလွတ်ရပါဘူး ။ လက်သန်းရောက်တဲ့အထိလက်ချောင်းအကုန်လုံးဖိထားရပါတယ် ။ ဥပမာ၂- နံပါတ်၁ကြိုးမှာပဲE,F,Gဆိုတဲ့
နုတ်၃လုံးတီးပါမယ် ။( E လွှတ်ကြိုး ၊ F လက်ကွက်၁၊လက်ချောင်း၁ ၊G လက်ကွက်၃၊လက်ချောင်း၃) ။ Eကိုလွှတ်ကြိုးတီးတယ်။Fကိုလက်ချောင်း၁နဲ့တီးတယ် အဲဒီအထိ
ပြဿနာမရှိပါဘူး ။ Gကိုတီးတဲ့အခါသတိထားရပါတော့မယ် ။ Gကိုတီးတဲ့အခါ Fကိုတီးခဲ့တဲ့လက်ချောင်း၁ကို မလွှတ်လိုက်ရပါဘူး ။ ဆက်ပြီးဖိထားရပါတယ် ။ ဒါဟာ speedအတွက်
အခြေခံBuildingတွေပါ ။ ယုံတယ်နော် ဟီးဟီး ။ ထပ်ရှင်းအောင်ဥပမာတစ်မျိုးထပ်ပြောပြပါမယ် ။ နံပါတ်၁ကြိုးက A,B,C နုတ်၃လုံးတီးပါမယ် ။ (A လက်ကွက်၅၊လက်ချောင်း၁ ၊ B လက်ကွက်7၊လက်ချောင်း၃၊
C လက်ကွက်8 လက်ချောင်း၎)။ Aကိုလက်ညိုးနဲ့တီးလိုက်တယ်။ Bကိုတီးတဲ့အခါ Aတီးခဲ့တဲ့လက်ညိုးကိုမလွှတ်ရပါဘူး ။ ဆက်ဖိထားပါ ။ Cကိုတီးခဲ့အခါလည်း Aနဲ့Bတီးခဲ့တဲ့လက်ချောင်းတွေကို
ဆက်ဖိထားရပါမယ် ။ ဒီလောက်ဆိုရင်ရှင်းလောက်မှာပါ ။ နောက်တစ်ချက်က လက်မမှာအားမထည့်ပါနဲ့ ။ လက်မကို positionထိန်းကျောင်းရုံပဲသုံးရပါတယ် ။ ။
ညာလက်အနေအထား - Plectrumကိုင်ဖို့ ညာဘက်လက်ချောင်းလေးတွေကို အလယ်ဆစ်မှကွေးလိုက်ပါ ။ လက်သီးမဆုပ်ပါဘူး။လက်ချောင်းပဲဆုပ်ထားတာပါ ။ အနူလက်သီး
ပုံစံပေါ့ဂျာ ။ :) ပြီးရင်လက်ညိုးကွေးလေးပေါ်မှာ plectrumကိုတင်ပြီး လက်မနဲ့ညပ်လိုက်ပါ ။ plectrumကိုဖိမကိုင်ရပါဘူး ။ လက်မကခပ်ဖွဖွလေးပဲထိန်းထားရုံပါ ။ ဂစ်တာကြိုးတွေ
အပေါ်မှာအပြားလိုက် ဒဲ့တီးရပါမယ် ။ plectrumကိုစောင်းပြီးမတီးရပါဘူး ။ နောက်ပိုင်းအရမ်းမြန်လွန်းတဲ့ runတွေတီးမှသာအနည်းငယ်စောင်းပေးရတာပါ ။ free stroke and rest strokeမှာ free strokeကိုဦးစားပေးတီးရပါမယ် ။ ညာလက်ကို guitar bridge ကိုမှီခြင်း ၊ body ကိုလက်ထောက်ခြင်းမလုပ်ရပါ ။ လေထဲမှာသာရှိနေရပါမယ် ။ ဒါမှ floating picking ဖြစ်မှာပါ ။ အခြေခံကိုစကျင့်နေတဲ့အချိန် တတောင်ဆစ်တစ်ချောင်းလုံးလွှဲသလိုတီးပါတယ် ။ လက်ကောက်ဝတ်ကိုမသုံးပါ ။ နာရီချိန်သီးလိုပေါ့ ။ Rhythmတီးတဲ့အခါ ကြိုး၆ကြိုးလုံးဟာ
လက်လွှဲကျယ်ရဲ့အလယ်မှာရှိနေရပါမယ် ။ plectrum ဒဲ့တီးရမှာ ၊ floatingဖြစ်ရမှာကိုမမေ့ပါနဲ့ ။ အမြဲသတိထားပါ ။ ဒီလိုစနစ်တကျ စတီးတဲ့အချိန်မှာ plectrum ခဏခဏလွတ်ကျပါလိမ့်မယ် ။
စိတ်မပျက်ပါနဲ့ ။ ပြန်ကောက်ပြီးထပ်တီးလိုက်ပါ ။ down strokeကိုများများကျင့်ပေးရပါမယ် ။ down stroke ကောင်းရင် Alternate picking ကမခက်တော့ပါဘူး ။
ဂစ်တာကိုခုံမှာထိုင်တီးတဲ့အခါ ခါးကိုဖြောင့်ဖြောင့်မတ် ၊ ညာဘက်ပေါင်ပေါ်ကိုဂစ်တာတင် ၊ ဂစ်တာကိုခန္ဓာကိုယ်နဲ့ ၃၅ဒီဂရီခန့်စောင်းထား ၊ fretတံကိုအပေါ်နည်းနည်းမြှောက် ၊ ညာဘက်
ခြေထောက်အောက်မှာတုံး(သို့)အမြင့်တစ်ခုခံထားရင် အချိန်ကြာကြာနဲ့ သက်သက်သာသာတီးနိုင်ပါတယ် ။
ဂစ်တာသမားတော်တော်များများဟာ ဘယ်ဘက်လက်ကိုသာအဓိကလေ့ကျင့်နေတတ်ပါတယ် ။ တကယ်တော့ ညာလက်က driving force ပါ ။ ညာလက်ရဲ့မောင်းသမျှကိုဘယ်လက်က
လိုက်ရတာပါ ။ ဘယ်လက်သွားကမျှကိုညာဘက်ကလိုက်ဖို့မခက်ပါဘူး ။ speedကောင်းကောင်းတီးချင်ရင် ညာလက်အတွက်လည်းသီးသန့်အချိန်ပေးပြီးလေ့ကျင့်ရပါမယ် ။
ဒီTechniqueတွေဟာ ပန်းတိုင်ကိုမြန်မြန်ရောက်မယ့် ၊ ပြည့်စုံတဲ့ဂစ်တာသမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် စည်းကမ်းတွေပါ ။ လိုက်နာပြီးတီးစေချင်တယ် .... ။ ။
အားလုံးအဆင်ပြေပြီးအမှားပြင်ရတဲ့ဒုက္ခမှကင်းဝေးပါစေ .... ။ ။
Win Ko