THE OPEN STRINGS

ဂစ်တာကြိုးတိုင်းတွင် သက်ဆိုင်ရာ note အမည်များရှိကြသည်။ အစပထမတွင် scale အစီစဉ်တစ်ကျ ၄င်းတို့ကိုမှတ်မိရန် အနည်းငယ်ခဲယဉ်းမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် ကောင်းစွာ နားစွဲပြီးမှတ်မိကြပါမည်။ ပိုပြီးအလွယ်တကူ မှတ်မိရန် ဂစ်တာကြိုးများ ကို စာသားလေးဖြင့် အမှတ်အသားပြုမှတ်ထားလျှင် မမေ့နိုင်တော့ပါ။   ထို့ကြောင့် အောက်တွင်မှတ်သားပုံလေးကိုပြပါမည်။ မိမိတို့ဖာသာလည်းအဆင်ပြေသလို မှတ်သားနိုင်ကြပါသည်။

အပေါ်ဆုံးအထူဆုံးကြိုး     6th string  သည်  ( E ) Elephats
၎င်းအောက်                   5th string  သည်  ( A ) And
            4th string  သည်  ( D ) Donkeys
            3rd string  သည်  ( G ) Grow
            2nd string သည်  ( B ) Big
အောက်ဆုံးအသေးဆုံး    1st  string  သည်  ( E ) Ears
ဒါကြောင့် Elephants And Donkeys Grow Big Ears ဟူ၍ အစ စာလုံးများကို မှတ်သားထားလျှင် ဂစ်တာ open string note များကို မှတ်မိနေပါမည်။
    ( ကြိုးညှိနည်းများကိုတော့ ဤစာအုပ်တွင်မပြတော့ပါ။ဂစ်တာတီးသူတိုင်းနားလည်ပြီးသားဟုယူဆပါသည်။ )

classical guitar တီးခတ်ရာတွင် ညာလက်ချောင်းများတီးခတ်ပုံ ၂ မျိုး ရှိလေသည်။
    1. THE REST STROKE ( apoyando )
    2. THE FREE STROKE ( tirando )
    
    1. Rest stroke ဖြင့်တီးခတ်ခြင်းသည် တောင့်တင်းကျယ်လောင်သော ဂစ်တာသံကို ထွက်စေသည်။ ၄င်းကိုတီးခတ်လျှင် တီးခတ်သော လက်ချောင်းကို ကပ်လျက်ရှိသော ကြိုးပေါ်တွင် ရှိနေစေရမည်။ ဥပမာပြောရလျှင် အောက်ဆုံး E string ကို လက်ချောင်းထိပ်များဖြင့် တီးခတ်ပြီးလျှင် လက်ချောင်းသည် ကပ်လျှက်ရှိသောအပေါ်ကြိုး B string ပေါ်တွင် ကျရောက် ထိကပ်ထားရမည်ဖြစ်သည်။ ဤ Rest stroke သည် စတင်တီးခတ်စတွင် အလွန်အရေးကြီးသော အခြေခံလည်း ဖြစ်သည်။

    2. Free stroke ကတော့ လက်ချောင်းများ လွတ်လပ်စွာ တီးခတ်ရပြီး ကြိုးပေါ်တွင် တင်နားရခြင်းမျိုး မရှိပါ။ လက်ကောက်ဝတ်ကို ဖြေလျှော့ ထားရပြီး လေးကိုင်းသဏ္ဍန် ကွေးထားရပါသည်။

အောက်ပါ ပုံများကိုကြည့်ပါ။

THE REST STROKE ( apoyando )

THE FREE STROKE ( tirando )

ညာလက်ချောင်းများကိုအောက်ပါအတိုင်းသတ်မှတ်ထားပါသည်။

                    English (အင်္ဂလိပ်လို)        Spanish ( စပိန်လို )
    လက်ညှိုး        1st. Index                   Indice- (i)
    လက်ခလယ်    2nd. Middle                 Medio- (m)
    လက်သူကြွယ်  3rd. Third                    Anular- (a)
    လက်မ            Thumb                       Pulgar- (p)

 

Lesson 1

The Top Three Open Strings:

The First String


ပထမကြိုး၏ open note သည် E ဖြစ်သည်။ Note ကို အထက်ပါအတိုင်းရေးသည်။

note ဘေးတွင်စက်ဝိုင်းလေးရေးထားသည်။

၎င်း note ကိုတွေ့လျှင် ပထမကြိုးကို open တီးရသည်။ 4/4 သင်္ကေတသည် bar တစ် bar ၏ beat ရေတွက်ပုံကိုဖေါ်ပြပါသည်။

4/4 ဆိုလျှင် ၄ ချက်စည်း တီးခတ်ရမည်ဖြစ်သည်။ နောက်ပိုင်းထပ်မံရှင်းပြပါမည်။

Rest stroke  သည် ထည်ဝါသောအသံကိုထွက်စေပြီး လက်ချောင်းများ၏ အခြေခံ တီးခတ်နည်းဖြစ်သည်ကို ထပ်မံသတိပြုစေလိုပါသည်။

အခြေခံဖြစ်သော Rest Stroke  ဖြင့်စတင်လေ့ကျင့်ပါမည်။ E string ကိုတီးခတ်ပြီးလျှင် လက်ချောင်းကို ဒုတိယကြိုး B string ပေါ်တွင်ရှိနေပါစေ။ စာဖြင့်ဒီလောက်ပဲ ပြောနိုင်ပါသည်။ လက်တွေ့တီးကြည့်မှ အနေအထားလေး တွေကိုနားလည်သဘောပေါက်ပါမည်။ E string တီးပြီးလျှင် အရှိန်လေးဖြင့် B string ပေါ်တွင် ဘရိတ်ဖမ်းထားရမည်ဟု ပြောနိုင်ပါသည်။ timming ကို 1..2..3..4..ဟုပါးစပ်မှရေတွက်ပြီးတီးပါ။ ပြီးလျှင် note ကို မှတ်မိအောင် E..E..E..E..ဟူ၍ ပါးစပ်မှဆိုပြီးတီးပါ။ လုံးဝအခြေခံမရှိသူများအတွက်ပြောခြင်းဖြစ်ပါသည်။ ဂီတာနှင့်ဂီတ အခြေခံရှိထားလျှင်တော့ လိုချင်မှလိုအပ်ပါမည်။ i, m ဆိုတော့ လက်ညှိုး နှင့် လက်ခလယ် တို့ နှင့်တီးရမည် ဖြစ်သည်။

Track 1

 

The Second String

 

ဒုတိယကြိုး ပေါ်ရှိ open note သည် B note ဖြစ်သည်။

Rest stroke ဖြင့်သာလေ့ကျင့်ပါ။ i, m နှင့်လေ့ကျင့်ပြီးလျှင် m, a နှင့်ပါလေ့ကျင့်ပါ။ လက်ခလယ် နှင့် လက်သူကြွယ် ဖြင့်ပါကျင့်ပါ။

Track 2

 

The Third String

တတိယကြိုး ပေါ်ရှိ open note သည် G note ဖြစ်သည်။

ယခင် လေ့ကျင့်ခန်းများအတိုင်း i , m နှင့်ကျင့်ပြီး m, a နှင့်ပါလေ့ကျင့်ပါ။

Track 3

 

အောက်တွင် အထက်ပါ open string ၃ ကြိုးလုံးကိုရောပြီးကျင့်ပါ။ note တွေကိုကျယ်ကျယ်လေးဆိုပြီးတီးပါ။ ထုံးစံအတိုင်း m , a နှင့် ပါ လေ့ကျင့်ပါ။

Track 4

အောက်ကြိုး ၃ ကြိုး open string note များကို ရောပြီးကျင့်ပါ။ အောက်တွင်ပေးထားသော လေ့ကျင့်ခန်းကို သေသေချာချာလေ့ကျင့်ပါ။

Open String Exercises On All Three Strings

Track 5

 

Lesson 2
 

The Three Bass Strings
 

ဂစ်တာ၏ Bass note 3 ခုကို Staff note အနေဖြင့် အောက်ပါအတိုင်းတွေ့ရပါမည်။ Bass E note ကို အပေါ်ဆုံး ကြိုးကြီး နံပါတ် 6 ၊

Bass A note ကို ကြိုး နံပါတ် 5 ၊ Bass D note ကို ကြိုးနံပါတ် 4  တို့တွင်တွေ့ရပါမည်။ အားလုံး open string တွေဖြစ်သည်။

 

Track 6

Lesson 2 (အဆက် )
 Combining Bass & Solo Strings

(Bass note နှင့် ယခင်အစောပိုင်း လေ့ကျင့်ခဲ့သော
အောက်ကြိုး 3 ကြိုး ကိုပေါင်းစပ်လေ့ကျင့်ခြင်း)

Bass String ရော solo string ရော open string များအဖြစ်တီးခတ်ရပါမည်။ 4/4 time တွင် bass ကို

လက်မနှင့် 1st beat တွင်တီးပြီး 2nd,3rd,4th beat များတွင်တော့ solo string များကို i ,m , a တို့ဖြင့်တီးခတ်ရပါမည်။

Track 7

(Note တန်ဖိုးများတွက်ချက်ခြင်း (၀ါ) စည်းချက်ရေတွက်ပုံ)

 

ဤ   note ကို crotchet ဟုခေါ်ပြီး တန်ဖိုး 1 ချက် သတ်မှတ်သည်။ ထို့ကြောင့် 4/4 time

ရေးထားလျှင် 1, 2, 3, 4 ဟုရေတွက်ရသည်။ တီးခတ်လျှင်လည်း 4 ချက် တီးခတ်ရပါသည်။

ထို့ကြောင့် အောက်ပါအတိုင်း 4 ချက် ရေတွက်တီးခတ်ရကြောင်းတွေ့နိုင်ပါသည်။ ယခင်အခန်းများ

တွင်ပြခဲ့သော လေ့ကျင့်ခန်းများကိုလည်း ပြန်လေ့လာ ကြည့်ပါ။


 


အောက်ပါလေ့ကျင့်ခန်းကို rest stroke ဖြင့်လေ့ကျင့်ပါ။

Track 8

(Bass note နှင့် ယခင်အစောပိုင်း လေ့ကျင့်ခဲ့သော
အောက်ကြိုး 3 ကြိုး ကိုပေါင်းစပ်လေ့ကျင့်ခြင်း-အဆက်)

အောက်ပါလေ့ကျင့်ခန်းကို free stroke ဖြင့်လေ့ကျင့်ပါ။ အားလုံး open string တွေချည်းဖြစ်ပါသည်။

ဖြေးဖြေး မှန်မှန် လေ့ကျင့်ပါ။ ညာလက်ချောင်းများကို ပြထားသည့် လက်ချောင်းများအတိုင်းမှန်ကန်စွာတီးခတ်ပါ။

ဤလေ့ကျင့်ခန်းသည် ဂီတရသမြောက်ခြင်းမရှိသော်လည်း ရှေ့ဆက်မည့် လေ့ကျင့်ခန်းများ အတွက်တော့

အရေးကြီးသောအခြေခံဖြစ်ပါသည်။ ထပ်ပြောပါမည်။ ဖြေးဖြေး မှန်မှန် လေ့ကျင့်ပါ။

Track 9


 



Create a free website Webnode