ရူးလို့ Violin ကိုကျင့်မိတာ(ရွှေဦးစ)
ရူးလို့ Violin ကိုကျင့်မိတာပါ။ဟုတ်ပါတယ်။ခင်ဗျားတို့ violin ကိုစိတ်ဝင်စားတယ်ဆိုရင်ဒါနဲနဲစရူးလာပါပြီ။ဟုတ်တယ်လေ။
ဂစ်တာတီးတာတောင်ဘယ်လက်ထိပ်လေးတွေစပြီးနာရတာနဲ့..
ညာလက်ကညောင်းတာနဲ့။ဒါတောင် ပေါင်ပေါ်လေးတင်ပြီးနားနားနေနေတီးရတာ။
Violin တီးပုံကိုလည်းကြည့်ပါဦး။သဘာဝအတိုင်းလည်းမဟုတ်ပဲနဲ့..
ခေါင်းလေးစောင်းပြီးတယောပြားလေးကိုပခုံးမှာညှပ်ခါညာလက်ကလည်း
bow ဆိုတဲ့ တုတ်တံကြီးကိုင်လို့.....။မြင်တာနဲ့တောင်ရူးချင်တာ။
ဒါကြောင့်....တီးဖို့စိတ်ဝင်စားရင်တော့ယဉ်ယဉ်လေးရူးနေပြီပေါ့။အဲ...တကယ်ကျင့်မိပြီဆိုရင်
သွက်သွက်ခါအောင်ရူးပြီလို့သာမှတ်ပေတော့.....။ ဒါကြောင့်စိတ်မ၀င်စားပါနဲ့...
လုပ်မယ့်လုပ်ရင်တော့ သွက်သွက်ခါအောင်ရူးလိုက်ပါ။တယောကိုပြေးဝယ်လိုက်ပါ။ကျင့်လိုက်ပါ။ (ဟီဟိ...ကိုယ့်လိုအရူးတစ်ယောက်တိုးလာလည်းမနဲဘူး..အဖေါ်ရတာ...)။
ယဉ်ယဉ်လေးရူးတာတော့မကြိုက်ဘူး (ဒါကြောင့်..Rဇာနည်ကိုမကြိုက်တာ..)။
ကျွန်တော်အရင်က လူဂျီးလူကောင်းလိုလိုနဲ့နေလာခဲ့တာ ၀င်းကို ဆိုတဲ့ အရူးက
ဆွပေးလိုက်တော့..နဂိုအတွင်းခံ ဆတ်ဆလူးရူးနေတဲ့ကျွန်တော်ဟာ
တယောအကြောင်းလေးတွေရေးပြပါတော့မယ်။သူများထောင်ထားတဲ့ဆိုဒ်ထဲ
ဝင်ပြီးလက်ကမြင်းခွင့်ရတာနဲလား...အခုတောင် violin လို့ရေးလိုက်..
တယောလို့ရေးလိုက်နဲ့စိတ်ကသိပ်မမှန်ချင်ဘူး။ အတူတူပဲနော်...အင်းဂလိပ်နဲ့မြန်မာစာပဲကွာတာ။
အဲ...တယောကို Fiddle လို့လည်းခေါ်တယ်နော်။အင်တာနက်ထဲဘာထဲဝင်ကြည့်လို့ fiddle ဆိုရင် Violin ...တယော...နဲ့တူတူပဲလို့မှတ်ထားဦး။(လက်ညောင်းလာပြီ...ကိုယ့်ဟာကိုယ်
ရူးနေတာလားပေါနေတာလားပြန်စဉ်းစားလိုက်ဦးမယ်။စာအုပ်ထူထူတွေထုတ်လာပြီးရင်..
ကုလားကိုရောင်း.အဲ..မှားလို့ထုတ်နုတ်ကိုးကားပြီးအာဆက်ထုမယ်။အခုတော့ခဏနားမယ်။
ခဏလေးပဲ.....။မျှော်....)
မျှော်သာမျှော်သည်မယုံကြည်...ရင်မှာဝေဒနာအပွင့်အခက်အ၀ါအနီ.....(ဒန်တန့်တန်... ဒန်တန့်တန်... ဒန်တန့်တန်)
တယောစသင်ပါပြီ။စသင်မှတော့ထုံးစံအတိုင်းတယောတစ်လက်ရဲ့ခန္ဓာဗေဒကိုနဲနဲတော့လေ့လာရမှာပေါ့။
အလွတ်မှတ်စရာမလိုဘူးနော်....။အရူးထက်တမူးသာချင်ရင်တော့မှတ်သာမှတ်။ဒါဗြဲ.......
ကဲ....မြင်တဲ့အတိုင်းပါပဲ။အဲဒီအတိုင်းပဲခေါ်ဝေါ်ကြတာ။(ကောင်းလိုက်တဲ့သင်ကြားရေး...ဟိဟိ)။
တကယ်တော့တယောကိုတော်ဝင်တူရိယာလို့သတ်မှတ်ထားကြတာမို့ တယောအကြောင်းကိုရေး
တဲ့သူတွေဟာဂီတမှာဆရာကြီးတွေဖြစ်ကြတဲ့သူတွေချည်းပါပဲ။(ဟီဟိ...မသိရင်ကိုယ်လည်းဆရာကြီးလိုလို..)
ဒီလိုရူးသလိုကြောင်သလိုရေးတာလုံးဝမရှိပါဘူး။အခုတော့ရှိပါပြီ။
အဲဒီတော့ဘာကိုဆိုလိုချင်တာလည်းဆိုတော့တယောသင်တာဟာအတော်လေးခက်တယ်
လို့ပြောချင်တာပါ။ ဒါကြောင့်ဆရာနဲ့ လက်ထပ်သင်တာအကောင်းဆုံးပါပဲ။
(တယောဆရာမတွေလည်းများတယ်နော်..လက်ထပ်သင်မယ်သွားမပြောနဲ့ဦး..)။
အဲ...ဆရာတွေဆီမသွားနိုင်ပဲမိမိဘာသာလေ့လာချင်သူတွေအတွက်ကတော့
ဒီအရူးရွာကတတ်နိုင်သမျှကူညီပါမယ်။ViolinMaster ဖြစ်ဖို့ဆိုတာကတော့နှစ်ရှည်လများ
ကျင့်ရမယ်ဆိုတာလေးတော့ခေါင်းထဲထည့်ထားပါ။လန့်တော့မသွားနဲ့နော်။အရူးကွက်
နင်းပြီးကျင့်ကြတာပေါ့။တော်ကီနဲနဲတော့လာမယ်နော်....စိတ်ရှည်သည်းခံရင်
လမ်းကြောင်းမှန်သွားမှာပါ။Violin ကိုလူသံနဲ့အတူဆုံးတူရိယာအဖြစ်သတ်မှတ်ထားတယ်။
အဲဒီတော့သူ့ကိုတီးရင်တောင် အသံထွက်လာတာကိုတောင် singing လို့ခေါ်ကြသတဲ့
singing instrumentတဲ့။(သူsingingတိုင်းအိမ်သားတွေကပြောင်းပြေးချင်စိတ်ပေါက်ကြတယ်
...ကျွန်တော်တီးရင်ပါ....)။ အဲဒီတော့(အဟမ်း....ကီးဘုတ်နဲနဲကပ်သွားလို့။)....
အစပထမအခြေခံတွေကျေညက်ပါစေ။ရဲရင့်တဲ့အရူးတွေပဲ violin တီးကြတာပါ။
အဓိကစည်းမျဉ်းကတော့ ကောင်းမွန်ပြည့်စုံတဲ့အသံထွက်ရရှိဖို့ပါပဲ။အသံ Tone
ကချောမွေ့နေရပါမယ်။အဲဒီအတွက်အာရုံစူးစိုက်မှုထားရှိရမှာကတော့မိုင်ကုန်ပါပဲ။
အရူးသမာဓိပေါ့..ဟဲဟဲ။ violin တီးကြတာတစ်ယောက်နဲ့တစ်ယောက်...
(၂ယောက်...အဲ..မှားလို့...)ပုံစံရောအသံထွက်တွေပါမတူညီကြပါဘူး။အဲဒီတော့
ကိုယ့်ကိုယ်ကိုယ်ရှာဖွေရပါမယ်(ငါဘယ်မှာလဲ...လဲ..လဲ..)။ဒါဆိုမှန်ထဲမှာရှာဖွေရင်တွေ့ပါမယ်။
ဟုတ်ပါတယ်.. နောက်နေတာမဟုတ်ပါဘူး။ကိုယ်ဟာကိုယ် position မှန်မမှန်၊
ကိုင်တွယ်ပုံမှန်မမှန်ကိုကျွန်တော်တို့လိုself study လုပ်တဲ့ violin ကျင့်တဲ့သူတွေအဖို့ “မှန်”
(Mirror) ရှေ့မှာစတင်တာအမှန်ကန်ဆုံးပါပဲ။
အဲ...ကြည့်ပြီးမကျင့်လည်းသဘောပဲနော်....
ကျွန်တော်ဆိုကိုယ့်ရုပ်ကိုယ်မကြည့်ချင်လို့မှန်ရှေ့မကျင့်ဘူး။
ကဲ..Violin အစိတ်အပိုင်းလေးတွေပြန်ကြည့်ကြမယ်။
The Violin
The Bow
violin နဲ့ bow မှာရှိတဲ့အခေါ်ဝေါ်တွေအသေးစိတ်ပါ။အကုန်မှတ်ထားစရာမလိုပေမယ့်
တစ်ချို့ကိုတော့သိထားရပါမယ်။တယော ထိပ်ဖျားကနေစမယ်ဆိုရင် peg တွေကကြိုးညှိတဲ့
key တွေဆိုတာသိထားရပါမယ်။Tailpiece မှာကြိုးတပ်ပြီး
Bridge ပေါ်ကိုဖြတ်ပြီး peg တွေမှာချည်နှောင်ကာကြိုးတင်းရပါတယ်။ Fine Tuner
ကတော့အသံနဲနဲပါးပါးလေးမညီရင်လှည့်ပြီးညှိပေးတာပါ။သူ့ကိုကြိုး ၄ ကြိုးလုံးတပ်လို့ရပါတယ်။
ဒါပေမယ့်violin ဆရာကြီးတွေကတော့အောက်ဆုံးကြိုးတစ်ကြိုး
လောက်သာတပ်ထားလေ့ရှိပါတယ်။violin ကောင်းရင် fine tuner မလိုပါဘူး။ fine tuner
က တင်းပေးရင်သူက သံထည်ဆိုတော့ violin body
ကိုသွားထိပြီးပေါလစ်တွေဘာတွေပျက်စေတတ်ပါတယ်။ဒါကြောင့်သူ့ကို
အရမ်းအားကိုးလို့မရပါဘူး။ဒါပေမယ့် violin သိပ်မကောင်းရင် peg တွေကသစ်သားနဲ့ပြုလုပ်
ထားတာမို့ကြိုးတင်းရင်ပြန်ချောင်ကျသွားတာတို့၊peg ကအရမ်းကြပ်နေတာတို့ဖြစ်တတ်ပြီး
တီးတဲ့ဆီမေ၇ာက်တော့ပဲကြိုးညှိတာနဲ့အချိန်ကုန်တတ်ပါတယ်။အဲဒီတော့အသံနဲနဲလေး
လိုတိုးပိုလျှော့ကိုလုပ်တာ fine tuner လေးကပိုအဆင်ပြေပါတယ်။
အဲဒီတော့နည်းလမ်းလေးပြောရရင် peg တွေကြပ်နေရင် peg ကိုချွတ်ပြီး ဆပ်ပြာခဲလေးနဲ့နဲနဲပွတ်ပေးပါ။
peg တွေချောင်နေရင်တော့ မြေဖြူခဲလေးနဲ့ ပွတ်ပေးပါ။ဒီအဆင့်ဟာကျွန်တော်တို့လို
violin ဈေးကြီးမတတ်နိုင်တဲ့သူတွေမလွဲမသွေကြုံကြရမယ့်အခက်အခဲတွေနဲ့ဖြေရှင်းနည်းတွေပါပဲ။
ကဲ...violin ကိုဘယ်လိုတီးမလဲ..။violin ကိုဘယ်ဖက်ပခုံး
ပေါ်မှာတင်ခေါင်းကိုဘယ်ဖက် 45 ဒီဂရီလောက်လှည့်ပြီးစောင်းလိုက်တော့မိမိရဲ့မေးဟာ
violin ရဲ့ chinrest ပေါ်မှာတင်ထားသလိုဖြစ်နေပါမယ်။
ဟူး....ပြောရတာမောလိုက်တာ။ပုံလေးနဲ့ကြည့်လိုက်ရင်ပိုအဆင်ပြေမယ့်
ဟာကို။(ရူးနေလို့ပါ..ဘွာတေး)။ပုံကိုကြည့်ပါဗျာ။
အဲဒီမှာဖြစ်တတ်တာက violin ကို ပခုံးနဲ့လည်ပင်းကြားထိုးသွင်းလိုက်တဲ့အခါမှာ
ကွက်တိဖြစ်ချင်မှဖြစ်ပါမယ်။တစ်ချို့ကလည်ပင်းရှည်တာရှိသလိုတစ်ချို့ကလည်ပင်း
တိုတာရှိပါတယ်။အောက်ကပုံမှာနဲနဲဟနေတာပြထားပါတယ်။ကျွန်တော်တို့နိုင်ငံမှာ
string instrument မဖွံ့ဖြိုးသေးတော့ တစ်ချို့ တယောသမားတွေဟာအဲဒီလိုအခြေအနေမျိုးမှာ
ပခုံးကိုတွန်းတင်ပြီးတီးတတ်ကြပါတယ်။မတီးသင့်ပါဘူး။အတတ်နိုင်ဆုံးလူ့ ခန္ဓာကိုယ်
ဟာသဘာဝအနေအထားအတိုင်းဖြစ်ရပါမယ်။ဒါကြောင့်ပခုံးကိုပုံမှန်ပဲထားရပါမယ်။
ဒါကြောင့် violin နဲ့ ပခုံးကြားမှာ တစ်ခုခုခံကြပါတယ်။violin master တွေကတော့
ပုဝါလေးဖြစ်ဖြစ်ခံထားတတ်ကြပါတယ်
တစ်ချို့ကလည်း ဖေါ့လေးတွေကို violin မှာသိုင်းထားကြပါတယ်။
ယနေ့ခေတ်မှာတော့ ခေတ်မှီ shoulder rest တွေပေါ်နေ
ပြီဖြစ်တဲ့အတွက်အဲဒါတွေကိုဝယ်တပ်ပြီးတီးတာအဆင်ပြေဆုံးပါပဲ။
shoulder rest တွေကို အနိမ့်အမြင့်လည်းချိန်လို့ရပါတယ်။
The Shoulder rest
အောက်မှာခေတ်မှီပခုံးထောက်(shoulder rest)တွေကိုကြည့်နိုင်ပါတယ်
။မြန်မာပြည်မှာဈေးနှုန်းကတော့သောင်းဂဏန်းမှာရှိလို့
အပေါ်ကလိုဖေါ့(၀ါ)ရေမြှုပ်နဲ့တပ်ပြီးလည်းတီးနိုင်ပါတယ်။
(ဘယ်လိုလဲရူးချင်စိတ်ပေါက်လာပြီလား။မရူးနဲ့ဦး.. ရူးစရာတွေအများကြီးကျန်သေး..)
ဗီဒီယိုကြည့်ချင်ရင်လည်းဒီမှာကြည့်နိုင်ပါတယ်။
(သူအင်္ဂလိပ်လိုပြောတာနားမလည်လည်းကြည့်လို့ရပါတယ်)
www.youtube.com/watch?feature=player_embedded&v=fjL6sqy03NI
violin ကိုမတ်တတ်ရပ်ကိုင်ပုံနှင့် ထိုင်လျက်ကိုင်ပုံ
violin ဟာကြမ်းပြင်နဲ့ တပြေးတည်းဖြစ်နေရပါမယ်။အောက်ကိုစိုက်ထားတာတို့
အပေါ်ကိုထောင်တက်နေတာတို့မဖြစ်ရပါဘူး။မျက်လုံးတွေက violin ရဲ့ scroll
ကိုတည့်တည့်ကြည့်နိုင်ရပါမယ်။(ပုံတွေထဲကအတိုင်းသာလုပ်ကြဗျာ..)
တကယ်တော့မတ်တပ်ရပ်ဆိုရင်ဘယ်ဖက်ခြေထောက်ပေါ်မှာအားပြုပြီးရပ်မှ
ပုံစံမှန်ဖြစ်ပါတယ်။တစ်ချို့ဆရာတွေကတော့ခြေထောက်၂ဖက်လုံးမှာအညီအမျှအားပြုခိုင်းကြပါတယ်။
ထိုင်လျက်ကတော့မတ်မတ်ထိုင်ရတယ်။ကျောမှီတာလုပ်လို့
မရဘူးပေါ့။ထိုင်လျက်မှာအဓိကအချက်က bow ကိုအဆုံးထိဆွဲရင်
ပေါင်ကိုလာမထောက်စေဖို့ပါပဲ။(ကျွမ်းကျင်လာတော့လည်း
တွန့်လိမ်ကောက်ကွေးကြိုက်သလိုတီးကြဗျို့.....အရူးတွေပဲဟာ)
....ကဲ..နားမလည်သေးရင်အောက်ကဗီဒီယိုလေးကြည့်ဦး။
www.youtube.com/watch?feature=player_embedded&v=hipatqet03E
Left Hand
ဘယ်လက်ကသဘာဝကျကျလေးကွေးတင်လိုက်ရတယ်။
violin fingerboad ပေါ်မှာလက်ကောက်ဝတ်ကိုကွေးတင်ပြီး
လက်ချောင်းလေးတွေကပထမလက်ဆစ်ကိုကွေးပြီးတီးရတယ်။
လက်မကတော့ neck မှာအသာထိန်းထားရတယ်။ပုံကြည့်မှ
ရှင်းလင်းသွားမှာ။အောက်ကပုံလေးတွေကြည့်ပါ။ပြီးတော့
တယောဟာကြမ်းပြင်နဲ့မျဉ်းပြိုင်အနေအထားမှာတည့်တည့်မတ်မတ်
ထားရပါမယ်။အရေးကြီးတဲ့အချက်တစ်ချက်ရှိပါသေးတယ်။
violin neck ကိုလက်ချောင်းတွေနဲ့လက်မနဲ့ညှပ်ထားတဲ့အခါ
neck အောက်ဖက်မှာလက်မခွကြားမှာလက်တစ်လုံးစာလောက်
(bow တစ်ချောင်းစာလောက်)ဟနေရပါမယ်။ပုံတွေကို
သေသေချာချာကြည့်ပါ။
(Correct)
အောက်ကပုံတွေကတော့မှားတဲ့အနေအထားပါ။
လက်မက neck အပေါ်ကိုအရမ်းရောက်နေတာမျိုးနဲ့ neck ရှေ့
အရမ်းကပ်ပြီးကိုင်ထားတာကိုရှောင်ရပါမယ်။လက်ကိုပြားလိုက်မချရပါဘူး။
လုံးဝကြိုးနဲ့လွတ်ပြီးတော့လည်းမ
မထားရပါဘူး။အောက်မှာကြည့်ပါ။
(Wrong)
Right Hand
ညာလက်က bow ကိုင်တဲ့အခါ လက်မနဲ့လက်ခလယ်ဟာထိပ်ချင်းထိပြီးဝိုင်းနေရပါမယ်။
(circle shapeပေါ့)အဲလိုဖြစ်ဖို့လက်မကိုအဖြောင့်မထားပဲအဆစ်လေးကွေးပြီးကိုင်ရပါတယ်။
ဒီနေရာမှာပြောချင်တာကဟိုးအရင်ခေတ်တုန်းက(ဘယ်ခေတ်တွေလည်းလို့တော့မပြောတော့ဘူး
၊ရှာဖွေသာဖတ်ကြတော့)တော့bow ကိုကိုင်တဲ့အခါလက်မကိုအဖြောင့်
ထားပြီးကိုင်ကြလို့လက်မနဲ့လက်ခလယ်ဟာထိနေတဲ့အခါမှာမ၀ိုင်းပဲဘဲဥပုံ
(oval shape)ရှိနေတတ်ပါတယ်။ယနေ့ခေတ်
modern technique တွေမှာတော့ up bow နဲ့အပေါ်ကိုထိုးတင်လာရင်
လက်မအဆစ်လေးကွေးသွားပြီး down bow
ဆွဲချတဲ့အခါ လက်မအဆစ်လေးပြန်ဖြောင့်သွားစေဖို့သင်ကြားကြပါတယ်။
အဲဒီတော့အရင်ခေတ်ကလည်းဒီတေးသွားကိုပဲတီးခဲ့တယ်။
ယနေ့ခေတ်လည်းဒီတေးသွားကိုပဲတီးကြတယ်ဆိုရင်ဘာကွာလဲ လို့မေးစရာ
အတွေးလေးပေါ်လာခဲ့ဖူးပါတယ်။ကိုယ့်ဟာကိုယ်
ပဲပြန်ဖြေကြည့်မိတယ်။ဘာမှမကွာပါဘူး။
(ကောင်းလိုက်တဲ့အဖြေ...ဟီးဟီး....အရူးရေးတာမို့ခွင့်လွှတ်..)။
ဒါပေမယ့် bow ကိုယနေ့ခေတ်နည်းအတိုင်းအစကတည်းကကျင့်သွားခဲ့ပြီးနောက်ပိုင်းမှ
မိမိအားသန်သလိုကိုင်သွားတာအကောင်းဆုံးပါပဲ။ဟုတ်ပါတယ်။
Joachim က bow ကို လက်ခလယ်၊လက်သူကြွယ်၊လက်သန်း...
ဆိုတဲ့လက် ၃ ချောင်းနဲ့ကိုင်ပြီးလက်ညှိုးကိုဖရီးထားပါတယ်။
Joachim ရဲ့တပည့်တစ်ဦးဖြစ်သူ Willy Hess ကတော့
လက်ညှိုး၊လက်ခလယ်၊လက်သူကြွယ်...ဆိုတဲ့ရှေ့လက်ချောင်း ၃ချောင်း
နဲ့ကိုင်ပြီးတီးခတ်ပါတယ်။လက်သန်းကိုဖရီးထားပါတယ်။
Sarasate ကတော့ လက်ညှိုး၊လက်ခလယ်၊လက်သူကြွယ်၊လက်သန်း၊
လက် ၄ချောင်းစလုံးနဲ့ကိုင်ပါတယ်။ဒါကထင်ရှားတဲ့တယောဆရာကြီးတွေရဲ့ကွဲပြားချက်ပါ။
ယနေ့ခေတ်ရဲ့တယောဆရာကြီးတစ်ဦးဖြစ်တဲ့
ကျွန်တော်လည်းအလွန်ကြိုက်တဲ့ Itzhak Perlman ဆိုရင်လည်းလက်သန်းလေး
လွှတ်ပြီးရှေ့လက်ချောင်း ၃ချောင်းနဲ့တီးတာတွေ့
ရပါတယ်။အဲဒီတော့..ငါတီးတဲ့ပုံစံကမှန်တယ်..သူကမှားတယ်..
ဒါမျိုးပြောလို့မရပါဘူး။ကိုယ်သန်ရာသန်ရာပါပဲလို့တွေ့ရပါတယ်။အောက်က
ပုံလေးတွေကြည့်လိုက်ပါဦး။