PRACTICE IN KEY G (1 sharp key)
သီချင်းများဟာ Natural key တစ်ခုတည်းဖြင့်သာ တီးခတ်တာမဟုတ်ပါဘူး ။ ပုံစံအမျိုးမျိုး keyအမျိုးမျိုးနှင့် တီးခတ်ကြတာပါ ။ အဲဒီအတွက် scalesများနှင့် keyများအားလုံးကို ကျေညက်အောင် လေ့ကျင့်ထားရပါမယ် ။ Natural scale ပြီးရင် နောက်ခြေလှမ်းတစ်လှမ်းက G major key ပါ ။
G Major scale (1 sharp scale)
Ex - 13 , Mp3 track = ex13

G major scale မှာ one sharp ဖြစ်တဲ့ F# ပါဝင်ပါတယ် ။ ဒါကြောင့် G major key ကိုတီးခတ်တဲ့အခါ တွေ့သမျှ F note များကို sharp လုပ်ပြီးတီးပေးရပါမယ် ။ Fရိုးရိုးကို တီးချင်တဲ့အခါ Natural sign ကိုရေးပေးရပါတယ် ။ ပေးထားတဲ့ Tab မှာကြည့်ပြီး position တွေကို လေ့ကျင့်လိုက်ပါ ။
G Rock Scale
Ex - 14 , Mp3 track = ex14

G Rock scale ဆိုသည်မှာ G major scale မှ 3rd tone(B) နှင့် 7th tone(F#) တို့ကို 1-flat ပြုလုပ်ပြီး (F)တီးခြင်းပါ ။ G major scale နှင့် Rock scale များရဲ့ ရွတ်ဆိုပုံကို ဇယားတွင်ရေးပြထားပါတယ် ။

Ex - 15 , Mp3 track = ex15

Ex - 16 , Mp3 track = ex16
Ex-16 တွင် ledger note ဖြစ်သော A note တစ်လုံးပိုလာပါတယ် ။ ၁ကြိုး ၊ လက်ကွက် ၅ မှာ လက်သန်းဖြင့် တီးရပါမယ် ။
Extended Beams
Eight note များကို ရေးသားတဲ့အခါ အထက်ပါပုံအတိုင်း တန်းဆက်၍လည်း ရေးသားနိုင်ပါတယ် ။ တီးခတ်ရမယ့် နုတ်တန်ဖိုးပြောင်းလဲခြင်းမရှိပါဘူး ။ 8note က 8note ပါပဲ … J
Ex - 17 , Mp3 track = ex17

Ex - 18 , Mp3 track = ex18


Sixteenth note ဆိုတာ ၁ဘားမှာ နုတ်16လုံးပါဝင်တဲ့ အတွက် 16th note လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ (ရှင်းလိုက်ထှာ) ၁ဘားမှာ ၁၆လုံးဖြစ်သောကြောင့် စည်းချက်တစ်ချက်(1beat)တွင် ၄လုံးပါဝင်ပါတယ် ။ ခြေထောက်အပုတ်တွင်၂လုံးနှင့် ခြေကြွတွင် ၂လုံးဖြစ်ပါတယ် ။ (နုတ်ကိုပြောတာနော် ဘီယာမဟုတ်ဘူး :D ) ခြေပုတ်တွင် 1eဟုရေတွက်ပြီး ခြေကြွတွင် &a ဟု ရေတွက်ရပါမယ် ။ စည်းချက်များကို 1e&a 2e&a 3e&a 4e&a ဟုရေတွက်ရပါမယ် ။ 16th note ကို restများနှင့်အတူတွဲ၍ အောက်ပါဇယားအတိုင်းမှတ်သားထားလိုက်ပါ ။
လေ့ကျင့်ခန်းများနဲ့ အတူမှတ်သားလိုက်ပါအုံး ။ တစ်ခုပဲ မေတ္တာရပ်ခံပါတယ် ။ လုံးးးးဝအမြန်မတီးပါနဲ့။ ပေးထားတဲ့tempoအတိုင်းပဲ လေ့ကျင့်ပါ ။ လတ်တလောရည်ရွယ်ချက်က sight reading ပါ။ ဒီစာအုပ်ကို အဆုံးအထိတီးပြီးသွားမှ ဒုတိယ၊တတိယအခေါက်များမှ tempoကို တင်ပြီးကျင့်ပါမယ် ။ အခုအမြန်လိုနေရင် ခင်ဗျားအတွက်မကောင်းပါဘူး ။ စိတ်အေးလက်အေးတီးပါ ။





Ex-25 3rd Bar မှ နုတ်များမှာ ဘယ်လက်ချောင်းနံပါတ်များ ရေးပေးထားပါတယ် ။ ထိုအတိုင်း တီးပေးပါ ။ 15th Bar နှင့် 29th Bar တို့မှာလည်း 3rd Bar နဲအတူတူပါပဲ ။
Ex-26 မှာ ကြိုတီးရတဲ့ pick up note တွေကို သတိထားရေတွက်ပါ ။ တတိယစည်းချက်၏ အကြွတွင် စပြီးတီးရမှာဖြစ်ပါတယ် ။
sixteenth note တွင် Eight note နှင့် dotted eight note ပေါင်းစပ်ထားသော ပုံစံတစ်ချို့ဖြစ်ပါတယ် ။ လတ်တလော လေ့ကျင့်မှာကတော့ Rock N' Roll , Blues Rock များတွင် အသုံးများသော ပုံစံ-၅ ကိုလေ့ကျင့်ပါမယ် ။ dotted eight note ဟာ 16note ၃လုံးတန်ဖိုးရှိပါတယ် ။ 1တွင် dotted 8note ဖြစ်သောကြောင့် 1e& ဟုအသံဆွဲထားရပါမယ် ။ ၄င်း၏အသံမှာ 8noteတွင် အကြွလုံးကို အနည်းငယ်နောက်ကျပြီး တီးတဲ့အသံမျိုးဖြစ်ပါတယ် ။ အောက်မှာပေးထားသော လေ့ကျင့်ခန်းများကို တီးကြည့်ပါ ။ အခက်အခဲရှိပါက အသံဖိုင်ကိုနားထောင်ပြီး ရေတွက်ကြည့်ပါ ။




Tie - ဆိုသည်မှာ အသံတူသောနုတ်၂လုံး၏ စည်းချက်တန်ဖိုးများကို ပေါင်းစပ်ခြင်းဖြစ်ပါသည် ။ နုတ်၂လုံးကို မျဉ်းကွေးသဏ္ဌာန်ဖြင့် ဆက်၍ရေးဆွဲထားပါသည် ။ မျဉ်းကွေးထည့်ထားသော နုတ်၂လုံးတွင် အရှေ့ကနုတ်ကို သာတီးခတ်၍ အနောက်ကနုတ်ကို မတီးခတ်ဘဲ ၄င်း၏တန်ဖိုးကို ပေါင်းစပ် ကာ သံရှည်ဆွဲထားရပါမည် ။ ဥပမာ-၁တွင်ကြည့်ပါ ။ ရှေ့မှ C-whole-note ကိုတီးခတ်ပြီး နောက်မှ C-Half-noteကို မတီးဘဲ ၄င်း၏တန်ဖိုး 2beatsကို သံရှည် ဆွဲထား ရပါမည် ။ စုစုပေါင်း C၏ အသံသည် 6beats-စည်း၆ချက် ဖြစ်ပါသည် ။
နောက်ဥပမာတစ်ခုထပ်ရှင်းပါမည် ဥပမာ-၂ကိုကြည့်ပါ ။ ပထမဘား၏ စည်းချက်၎တွင် E-quarter-note ကို တီးခတ်ပြီး ဒုတိယဘား၏ စည်းချက်-၁အထိအသံဆွဲထားရမည် ။ (ဒုတိယဘား၏ Eနုတ်ကို မတီးတော့ပါ) ။ နောက်- ဒုတိယဘား၏ တတိယ စည်းချက် တွင် E-Half-noteကို တီးခတ်ပြီး စတုတ္ထဘားကို မတီးတော့ဘဲ ၄င်း၏ တန်ဖိုး ကိုပါပေါင်းစပ်၍ အသံဆွဲထားရပါမည် ။ ရှေ့နုတ် Half-note နှင့် နောက်ကနုတ် whole-noteပေါင်းစပ်ကာ 6beats/စည်း၆ချက် သံရှည်ဆွဲထားရပါမည် ။ ရှင်းလောက်ပါပြီနော် ။ လေ့ကျင့်ခန်းတွေကျင့်လိုက်တော့ … J




