မူမမှန်လိဒ်ဂစ်တာတီးနည်း(ဝင်းကို)

(ဒီစာအုပ်မတီးခင် ရူးခါစဂစ်တာတီးနည်း ကိုလေ့ကျင့်၍  ဒါလေးသိမှရူးလို့ကောင်းတာ ဆိုသော အခြေခံရူးနည်းများကို ကြိုတင်ပြီး ရူးထားရပါမယ် ။ ဤကားစကားချပ် … ဘက်! ;) )

ဤမူမမှန်လိဒ်ဂစ်တာအပိုင်းမှာ Rock ဂီတရဲ့ရေသောက်မြစ်ဖြစ်တဲ့ Blues အခြေခံများကို လေ့ကျင့်ပါမယ် ။ sight reading အတွက် အဓိကထားပြီး လုပ်ပေးထားတာပါ ။ လေ့ကျင့်ခန်းတွေ အများကြီးပါပဲ ။ အာလူးဖုတ်ဖို့ အချိန်မရတော့ပါဘူး ။ ဂယောက်ဂရင်လက်ခတ်သံများနှင့် တွဲ၍ လေ့ကျင့်နိုင်ပါတယ် ။ လေ့ကျင့်ခန်းများကို Electric guitar ဖြင့်တီးခတ်၍လည်း ရပါတယ်။ တစ်ချို့လေ့ကျင့်ခန်းများကိုလည်း Electric guitar သံဖြင့်တီးပေးထားပါတယ် ။

အကြံပေးချင်တာကတော့ ဒီစာအုပ်ကို အဆုံးထိအောင်တီးလိုက်ပါ ။ speedလုံးဝမတီးပါနဲ့ ။ ခင်ဗျားတို့ မပျင်းအောင်လို့ သင့်တော်တဲ့Tempoနဲ့ တီးပေးထားပါတယ် ။ အဲဒီထက် အမြန်မတီးပါနဲ့အုံး  အမှားကင်းကင်း အနှေးဆုံးတီးလေ တိုးတက်မှုမြန်လေ ဆိုတာ သဘောပေါက်ပေးပါ ။ ပြီးမှတစ်ခေါက်ပြန်ပြီး Tempoမြှင့်၍ ထပ်လေ့ကျင့်ပါ ။ လိုက်နာဖို့ကတော့ အခြေခံမှာ ပြောပြခဲ့တဲ့ စည်းကမ်းများအတိုင်းပဲ လေ့ကျင့်ပါမယ် ။ ကဲ .. စပြီဗျာ ။ ။

(အသံဖိုင်များကို စာမျက်နှာတိုင်း၏အောက်ဆုံးတွင် ဒေါင်းလုပ်လင့်ပေးထားပါတယ်)


PART - I

BASIC ROCK TECHNIQUES AND IMPROVISING

C Major scale (Natural scale)

ပါလေရာမင်းသားကြီးနဲ့ စကြတာပေါ့ :D ဒါကတော့ Nautral ဖြစ်တဲ့ C major scale ပါ ။ အခြေခံ Rock scale မှာတော့ 7th tone (B) ကို flat လုပ်ပြီးတီးလေ့ရှိပါတယ် ။

Basic Rock Scale

ဒါကတော့ အခြေခံ Rock scale ပါ ။ Bb note ကို ၃ကြိုး-လက်ကွက်၃မှာ တီးရပါမယ် ။ အခုတီးမယ့် Part-1 မှ noteများအားလုံးသည် ဂစ်တာ၏ခေါင်းပိုင်း open position မှာပဲ တီးကြမှာဖြစ်ပါတယ် ။ တီးခတ်စဉ်မှာ အခြေခံတုန်းကလို letters များကို မရွတ်ဆိုဘဲ Pitch များကို ရွတ်ဆိုပါမယ် ။ အဲလိုရွတ်ဆိုခြင်းဖြင့် တီးလုံးတစ်ခုကြားလိုက်တဲ့အခါ ဘာစကေး ၊ ဘာနုတ်ဆိုတာ တန်းပြီးသိနိုင်မယ်။  နုတ်ကိုကြည့်လိုက်တာနှင့် အသံတွေကြားနိုင်တဲ့အပြင် ခင်ဗျားတို့စိတ်ထဲမှာရှိနေတဲ့ သံစဉ်များကို လည်း အလွယ်တကူ ဖော်ထုတ်နိုင်ပါတယ် ။ အခုအခြေခံကတည်းက စကျင့်လိုက်ရင် Earingအတွက် သီးသန့်အချိန်ပေးစရာ မလိုတော့ပါဘူး ။ 

ဒါကိုအရင်မှတ်ထားလိုက်ပါ ။ ပြီးရင်…တီးကြတာပေါ့။

PRACTICE IN KEY C (Natural key)

Ex - 1 , Mp3 track = ex1     

(ပထမဘား၏ စတုတ္ထစည်းချက်မှ Bb ဖြစ်ပါသည် ။) Flat,sharp,natural စတဲ့ Accidentals များရဲ့သဘောကို ရူးခါစဂစ်တာတီးနည်းမှာ ပြောခဲ့ပြီးပါပြီ ။ မကျေညက်သေးရင် ပြန်ကြည့်လိုက်ပါ ။

 

Ex - 2 , Mp3 track = ex2

ရွတ်ဆိုပုံများလည်း သဘောပေါက်သွားပါပြီ ။ နောက်ပိုင်းမှာ မရေးပေးတော့ပါဘူး ။ ပျင်းထှာအေ :P

 

Ex - 3 , Mp3 track = ex3

 

Ex - 4 , Mp3 track = ex4

Ex - 5 , Mp3 track = ex5

Ex-5 မှာ Eb, Ab note ၂လုံးပိုလာပါတယ် ။ Ebကို “မာ/Ma“လို့ရွတ်ဆိုပြီး ၊ Abကို “လယ်ရ်“ ဟု ရွတ်ဆိုပါမယ် ။ sharp/flat များကို ရွတ်ဆိုရန် အောက်ပါဇယားကို မှတ်ထားနိုင်ပါသည် ။ 

နုတ်ရွတ်ဆိုပုံ ရေးသားပုံမူကွဲများကတော့ အများကြီးပါပဲ ။ Enharmonicဖြင့်ဆိုချင်လည်း ရပါတယ် ။ အဓိက ကတော့ တီးတာမှန်ပစေပေါ့ ။ ဆို မဆိုတော့ ကိုကို့သဘောပဲ ။ သည်းလေးကတော့ ရေးလိုက်p ။ ဟီး ဟီး 


Eight Note Triplets

Triplets လို့ခေါ်တဲ့ ၃လုံးတွဲနုတ်များကို Rock နှင့် Blues ဂီတတွေမှာ အင်မတန် အသုံးများပါတယ် ။ Eight note / quaver note ရေတွက်ပုံကို ခင်ဗျားတို့သိပြီးပါပြီ ။ အခု Eight note triplets ဆိုတာ စည်းချက်တစ်ချက်မှာ ၃လုံးပါဝင်တဲ့နုတ်ပါ ။

1-beatတွင် နုတ်၃လုံးပါဝင်သောကြောင့် 1-and-a,2-and-a,3-and-a,4-and-a ဟု စိတ်မှန်းဖြင့် ၃လုံးညီမျှအောင် ရွတ်ဆို၊တီးခတ်ရပါမယ် ။  

 

Ex - 6 , Mp3 track = ex6

Triplet notes များကိုတီးတဲ့အခါ အခုလောလောဆယ် Alternate picking ကိုမတီးသေးဘဲ down-up-down ဆိုတဲ့ pickingကိုသာလေ့ကျင့်ပါမယ် ။

Ex - 7 , Mp3 track = ex7

Ex - 8 , Mp3 track = ex8

 

Ex - 9 , Mp3 track = ex9 (F# note ၁လုံးပါဝင်ပါတယ်။)

Ex - 10 , Mp3 track = ex10

 

Ex - 11 , Mp3 track = ex11

 

 

Ex - 12 , Mp3 track = ex12

 လေ့ကျင့်ခန်းများရဲ့ Rhythms များကိုလည်း တီးကြည့်ပါ ။ Blues style များကို တီးခတ်ရာတွင် Rhythm ကို Triplet mood ဖြင့်တီးလေ့ရှိပါသည် ။

လေ့ကျင့်ခန်း၁မှ၁၄အသံဖိုင်-1Cmajor - adf.ly/Rowv9

နောက်စာမျက်နှာသို့ >>> Practice in GMajor