Intervals

An Interval is the measure of the difference in pitch between any two musical sound.

 Intervalဆိုတာ ဂီတနုတ်၂လုံး(သို့) ဂီတသံနှစ်ခုရဲ့ အကွာအဝေး (သို့) သံစဉ်နိမ့်၊မြင့် ခြားနားချက် ဖြစ်ပါတယ် ။  interval အမျိုးအစား ၂မျိုးရှိပါတယ် ။

Harmonic Interval & Melodic Interval

ထောင်လိုက်(horizontal) ထပ်၍ ရေးသားတဲ့ noteအမျိုးအစား များသည် Harmonic interval များဖြစ်၍ ၊ အလျားလိုက်(vertical) ရေးသားတဲ့ noteတွေကတော့ Melodic interval များဖြစ်ပါတယ်။

 အတူတူ တပြိုင်နက်တီးခတ်ကြတဲ့နုတ်များက Harmonic interval များဖြစ်ကြပြီး ၊ တစ်လုံးချင်း တီးခတ်တဲ့နုတ်များကတော့ Melodic interval များဖြစ်ကြပါတယ် ။

An Interval is named according to the degree and the number of half steps included .

Interval များကို ၄င်းတို့ရဲ့ degreeများနှင့် half step အရေအတွက်ကို မူတည်ပြီး ထပ်မံ၍ခွဲခြား ထားပါတယ် ။ (စိတ်ရှည်ပေးနော် :) )

ပထမဆုံးတွေ့ရတဲ့ unison ဆိုတာ intervalအကွာအဝေး မရှိတဲ့အတွက် သူ့ကိုထည့်မစဉ်းစား သေးပါဘူး ။ (နုတ်တစ်လုံးတည်းကို တူရိယာနှစ်ခု တပြိုင်တည်းတီးခြင်းကိုလည်း unison လို့ခေါ်ပါတယ်။) C major scale တွင် D ကို second interval (D သည် C ၏ second degree ဖြစ်သောကြောင့်), E ကို third interval (E သည် C ၏ third degree ဖြစ်သောကြောင့် / 1C-2D-3E ), F ကို fourth interval (F သည် C ၏ fourth interval ဖြစ်သောကြောင့် / 1C-2D-3E-4F ) .. စသည်ဖြင့် သတ်မှတ်ထားပါတယ် ။ C မှ အသံတစ်ပြန် C ကိုတော့ octave လို့ခေါ်ပါတယ် ။ ဒီနည်းအတိုင်း scale အားလုံးကို ရေးချပြီး လေ့ကျင့်ပါ ။ တီးလည်းတီးကြည့်ပါ ။ J

(နောက်တဆင့်မသွားမီ အောက်ကလေ့ကျင့်ခန်းများကို ကျေညက်အောင်လေ့ကျင့်ပေးပါ။)

 

လေ့ကျင့်ခန်းများ-၁

လေ့ကျင့်ခန်း-၁ အဖြေများ

Interval အကြောင်းကို ယေဘုယျသဘောပေါက်ပြီးနောက် ထပ်မံပြီး အသေးစိတ်  လေ့လာကြည့် ပါမယ် ။ (ထွက်မပြေးနဲ့နော် ..ကိုကို … အခုမှကောင်းခန်းရောက်တာ .. :P )

Intervals များကိုထပ်မံပိုင်းခြားလိုက်တဲ့အခါမှာ …

  • Major intervals
  • Minor intervals
  • Perfect intervals
  • Augmented intervals
  • Diminished intervals     … ဆိုပြီး ၅ပိုင်းရှိပါတယ် ။

ပထမဆုံးမှတ်သားဖို့က Major intervals တွေပါ ။

ပုံမှာပြထားတဲ့အတိုင်း 2nd,3rd,6th and 7th degrees များဟာ Major intervals များဖြစ်ပါတယ် ။ ၄င်းတို့ရဲ့ အမည်များနှင့် ပါဝင်တဲ့ half steps (အကွာအဝေး) အရေအတွက်များကို တွဲပြီးမှတ်ထား လိုက်ပါ ။ ထို Major intervalsများကို half step တစ်ခုလျော့လိုက်ခြင်းဖြင့် minor intervals များကို ရရှိပါတယ် ။

Major intervals များကို one half step လျော့ခြင်း (ဝါ) one flat ပြုလုပ်ခြင်းဖြင့် minor intervals များဖြစ်ပေါ်လာပါတယ် ။ ထို့ကြောင့် Major နှင့် minor ကွာခြားချက်သည် one half step ဖြစ်ပါတယ် ။ two half steps ရှိသော Major second ကို flatလုပ်လျင် one half step ရှိသော minor second အဖြစ်ရရှိပါတယ် ။ four half steps ရှိသော Major second ကို flatလုပ်ခြင်းဖြင့် three half steps ရှိသော minor second ဖြစ်လာပါတယ် ။ သို့သော် letter ၂လုံးဖြစ်ရပါမယ် ။ ဥပမာ - one half step ချင်းတူညီသော်လည်း C to C# ရေး၍မရဘဲ C – Dbရေးမှသာ minor second interval ဖြစ်ပါတယ် ။ Major intervals , minor intervals များနှင့် ပါဝင်သော half steps အရေအတွက်များကို အောက်ပါဇယားအတိုင်း မှတ်သားထားနိုင်ပါတယ် ။

Major intervalsများကို M အကြီးဖြင့်ရေးပြီး ၊ minor intervalsများကို m အသေးဖြင့် ရေးလေ့ရှိပါသည် ။


Perfect Intervals

4th , 5th degrees တွေမှာတော့ Major , minor လို့မပြောဘဲ perfect 4th , perfect 5th စသည် ဖြင့်ခေါ်ကြပါတယ် ။ unison နှင့် octave တို့သည်လည်း perfect intervals တွေပါပဲ ။  အဓိက လေ့လာမှာတော့ perfect 4th & 5th ပါ ။ ဘာကြောင့် perfect လို့ခေါ်ရလဲဆိုတော့ ၄င်းတို့ကို invertလုပ်တဲ့အခါလည်း perfect ပြန်ရတာခြင်း ၊ ၄င်းရဲ့အသံများသည် harmony တွဲစပ်ရန်ပြီးပြည့်စုံနေခြင်း စသည်အကြောင်းများကြောင့်ဖြစ်ပါတယ် ။ Major intervals တွေကို one half step လျော့တဲ့အခါ minor intervals ဖြစ်ကြောင်းကို သိပြီးပါပြီ ။ perfect intervals တွေကတော့ တစ်မျိုးကွဲပြားပါတယ် ။ perfect 4th ကို one half step လျော့တဲ့အခါ Diminished 4th ဟုခေါ်ပြီး one half step မြှင့်တဲ့အခါမှာတော့ Augmented 4th လို့ခေါ်ပါတယ် ။ perfect 5th လည်း ထိုအတိုင်းပါပဲ ။

Tritone

Tritone ဆိုတာ ထူးခြားမှုများနှင့် သီးခြားတည်ရှိနေတဲ့ intervalတစ်ခုပါ ။ Diminished 5th နှင့် Augmented 4th တို့ရဲ့အမည်အတစ်ခုလည်း ဖြစ်ပါတယ် ။ ၄င်းကို whole step 3ခု (half step 6ခု) ဖြင့်ဖွဲ့စည်းထားပြီး Root နှင့် Octave တို့ကြားတွင် တဝက်တိတိပိုင်းခြား ထားပါတယ် ။ ၄င်းမှ octave သို့ပြန်သွားသောအခါ (သို့) invertလုပ်ရာတွင်လည်း tritone ကိုသာရရှိပါတယ်။ ဥပမာ - C – Gb – C ။ D – Ab – D ။ E – Bb – E … စသည်ဖြင့်ဖြစ်ပါတယ် ။ 


Advanced Intervals

Augmented and Diminished Intervals

Perfect intervals တွေမှာ one half step လျော့ရုံဖြင့် Diminished ဖြစ်သလို ၊ one half step တိုးရုံဖြင့်လည်း Augmented ဖြစ်လို့မှတ်ရလွယ်ကူပါတယ် ။ Major intervals တွေကိုလည်း one half step လျော့ရင် minor intervals ဖြစ်ပေမယ့် ဒီထက်ပိုလာတဲ့ intervalsတွေ ရှိပါသေးတယ် ။

ဥပမာ-၁ တွင် - D ဟာ C ရဲ့ Major 2nd interval ပါ ။ Major 2nd ကို one half step တိုးပေးခြင်းဖြင့် Augmented 2nd interval ကိုရရှိပါတယ် ။ Major 2nd ကို one half step လျော့ခြင်းဖြင့် minor 2nd interval ဖြစ်လာပါတယ် ။ Major 2nd ကို two half step လျော့ခြင်းကိုတော့ Diminished 2nd interval လို့ခေါ်ပါတယ် ။ half step နှစ်ကြိမ်လျော့တဲ့အတွက် Double flat လို့ခေါ်တဲ့ flast sign ၂ခုကို ရေးသားထားပါတယ် ။ Diminished 2nd တွင် half step အကွာအဝေးလုံးဝမရှိသောကြောင့် unison နှင့်အတူတူဖြစ်သော်လည်း letter မတူညီပါ ။ C,Dဟူသော letter၂လုံးဖြစ်သောကြောင့် Diminished 2nd သာဖြစ်ပါတယ်ခင်ဗျာ ။

Example-2 ကို three sharps key ဖြင့်ပေးထားပါတယ် ။ F#,C#,G#တို့ပါဝင်ကြောင်း သတိပြုပါ ။ C# ဟာ A ရဲ့ Major 3rd interval ဖြစ်ပါတယ် ။ Augmented 3rd ဖြစ်ဖို့ one half step တိုးတဲ့အခါ နောက်ထပ် sharp တစ်ခုကိုထပ်ပေါင်းပေးရပါမယ် ။ C ၏မူလရှိသော sharp တွင် နောက်ထပ် sharp ထပ်ပေါင်းသောအခါ Double sharp ဆိုပြီးရေးသားရပါတယ် ။

Doubel sharp နှင့် Double flat တို့ကိုနားလည်အောင် ဥပမာ-၃နှင့်၎တွင်ထပ်ရှင်းပေးထားပါတယ် ။ ဥပမာ-၃ ။ Two flat key (Bb) ဖြစ်ပါတယ် ။ Eb ဟာ Bbရဲ့ perfect 4th ဖြစ်ပါတယ် ။ Diminished 4th အဖြစ်ပြောင်းတဲ့အခါ Eb ကိုနောက်ထပ် falt တစ်ခုထပ်ပေါင်းသောကြောင့် double flat ဖြင့်ရေးသား ရပါတယ် ။ ဥပမာ-၄ ။ Five sharp key (B) ဖြစ်ပါတယ် ။ F#ဟာ Bရဲ့ perfect 5th ဖြစ်ပါတယ် ။ Augmented 5th အဖြစ်ပြောင်းတဲ့အခါ F# ကို နောက်ထပ် sharp တစ်ခုထပ်ပေါင်းသောကြောင့် double sharp ဖြစ်သွားပါတယ်ခင်ဗျားးး ။ :D

ဒါကတော့ အမှုတွဲ(အဲ)အချုပ်ဇယားပါ :D

Intervals များအကြောင်းကိုတော့ နားလည်သွားပါပြီ ။ ပိုပြီးမှတ်မိသွားအောင် key အားလုံးမှာ လေ့ကျင့်လိုက်ပါ ။ ရေးလည်းရေး တီးလည်းတီးကြည့်ပါလို့ အချွန်နှင့်မ (အဲ) တိုက်တွန်းပါတယ် ။ 


Inversion of Intervals

Intervalsများရဲ့ အပြန်အလှန်စပ်ဆက်မှုသဘောကိုနားလည်ဖို့ inversion of intervals တွေကို လေ့ကျင့်သင့်ပါတယ် ။ intervalများကို Root မှစတင်ပြီး 2nd , 3rd , 4th … 7th ထိ (major , minor , perfect) စတဲ့ intervalများအားလုံးကို invertလုပ်ကြည့်ပါတယ် ။ invert လုပ်တယ် ဆိုတာ တကယ်တော့ ပြောင်းပြန်လှန်လိုက်တာပါ ။ J ဥပမာ - Root – maj 2nd , C – D ဆိုပါတော့ ။ C က Root , D က maj 2nd ပါ ။ အဲဒါကို D ကို Root အဖြစ်ထားပြီး C ကို၎င်းရဲ့ အပေါ်မှာထပ်တင်လိုက်တဲ့အခါ D – C , Root – minor 7th ဆိုတဲ့ interval ကိုရရှိပါတယ် ။ အောက်ကဇယားမှာ C major scale ရဲ့ intervals များကို invertလုပ်ပြထားပါတယ် ။ 

Intervalsများကို invertလုပ်တဲ့အခါ ပြောင်းလဲဖြစ်ပေါ်လာမယ့် intervals များကို အောက်ပါ အချက်အလက်များဖြင့် မှတ်သားနိုင်ပါတယ် ။

  1. 2nd မှ 7th , 3rd မှ 6th အပြန်အလှန်ပြောင်းလဲပါတယ် ။
  2. perfect intervalများကတော့ perfect အဖြစ်ပြန်ရပါတယ် ။
  3. major intervals များက minor intervals ဖြစ်လာပါတယ် ။
  4. minor intervals များက major intervals ဖြစ်လာပါတယ် ။
  5. augmented intervals များက diminished intervals ဖြစ်လာပါတယ် ။
  6. diminished intervals များက augmented intervals ဖြစ်လာပါတယ် ။
  7. tritone ကတော့ triton အဖြစ်သာပြန်ရပါတယ် ။

Compound Intervals

Compound Intervals မစခင်မှာ C major scales  ရဲ့ intervals များကို တစ်ခေါက်ပြန်ကြည့် လိုက်ပါမယ် ။

၎င်း Intervals များကို ovtave ထက်ကျော်လွန်ပြီး ထပ်မံပေါင်းစပ်သောအခါ 9th , 10th ,11th ,12th စတဲ့ compound intervals များဖြစ်ပေါ်လာ(ဝါ) ခေါ်ပါတယ် ။ အောက်ကပုံကိုကြည့်ပါ ။

ဒါတွေကတော့ C scale ရဲ့ compound intervals များပဲဖြစ်ပါတယ် ။ ပေါင်းစပ်ပုံကို ဇယားဖြင့်အလွယ်တကူ မှတ်သားနိုင်ပါတယ် ။

ဒီနေရာမှာ သင်္ချာနည်းဖြင့်တွက်လို့မရပါဘူး ။ Octave သည် 8  , second သည် 2 ဖြစ်တဲ့အတွက် 8+2=10 ဆိုပြီးတွက်မရပါ ။ 2nd သည် octave ကိုကျော်ပြီး ၉ကြိမ်မြောက် ဖြစ်ပေါ်လာသော intervalဖြစ်တဲ့အတွက် 9th interval လို့မှတ်ယူရပါမယ် ။ သင်္ချာနည်းကို ၁လျော့ပြီး မှတ်မှ မှန်ပါမယ် ။ နောက်ထပ်ဇယားတစ်မျိုးကိုမှတ်ထားလိုက်ပါအုံး … J

Semitones ဆိုတာ ပါဝင်တဲ့ half steps အရေအတွက်ကိုပြောတာပါ ။ Interval/alt ကတော့ Alternative descriptor ပါ ။ half steps အရေအတွက်တူပြီး degreeကွဲပြားတဲ့ intervals တွေပါ ။ ဇယားထဲမဆန့်လို့ အတိုကောက်အမှတ်အသားများနှင့် ရေးပေးထားပါတယ် ။

အတိုကောက်အမှတ်အသားများ - U = unison , m = minor , M = major , P = perfect , d = Diminished , A = Augmented … ။ ။