ဒါလေးသိမှရူးလို့ကောင်းတာ
Musical Knowledge
ဒီထက်အဆင့်မြင့်တဲ့ သင်ခန်းစာများကို ရှေ့ဆက်ဖို့ ဂီတသီအိုရီအနည်းအကျဉ်းကို လေ့လာရပါတော့မယ် ။ သီအိုရီဆိုလို့ ခေါင်းမကိုက်ပါနဲ့ဗျာ ။ ဂီတသမားတိုင်း မရှိမဖြစ်သိသင့်တဲ့ အရာတွေလောက်ပဲ တိုတိုတုပ်တုပ် ဖြူဖြူလုံးလုံးလေး ရှင်းပြမှာပါ .. ဟီး ။ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ကျိတ်မှိတ်ပြီး တစ်ခေါက်လောက်ဖတ်လိုက်ပါအုံး ။ စပြီ .. ။ ။
(Sound)အသံ
Sound is the result of sound wave or vibrations of the air.
ဒါပဲ … ဟဲ ဟဲ ။ အသံဆိုတာ လေလှိုင်းတွေရဲ့တုန်ခါနှုန်းကြောင့် ဖြစ်ပေါ်လာတဲ့အရာပါ ။ လေထုရဲ့ တုန်ခါခြင်းတွေကို အသံလှိုင်းလို့ ခေါ်ပါတယ် ။ စတင်ထွက်ပေါ်လာတဲ့ နေရာမှ လေထုရဲ့ တုန်ခါခြင်းကြောင့် လေလှိုင်းများဖြစ်ပေါ်ကာ လေထုထဲမှ အဆင့်ဆင့်ဖြတ်သန်းပြီး ခင်ဗျားရဲ့ နားဆီကိုရောက်လာခြင်းပါ ။ (အတောင်ပံပါရင် မင်းဆီကိုနဲ့ ဘာမှမဆိုင်ဘူးနော် J ) သာမန်အားဖြင့် အသံနှစ်မျိုးရှိပါတယ်။
Musical sound and Noise ၊ ဂီတသံ နှင့် ဆူညံသံ
(Musical sound)ဂီတသံ
Musical sound is produced by regular or continuous vibration .
ဂီတသံဆိုတာ တုန်ခါနှုန်းများ အဆက်မပြတ် (သို့) ညီညာစွာ ထွက်ပေါ်နေတဲ့ အသံတွေပဲဖြစ်ပါတယ် ။ တနည်းအားဖြင့် သာယာနာပျော်ဘွယ်ဖြစ်စေတဲ့ အသံတွေကိုပြောခြင်းဖြစ်ပါတယ် ။
(Noise)ဆူညံသံ
Noise is produced by irregular vibration.
ဆူညံသံကတော့ ပုံမှန်မဟုတ်တဲ့ မညီညာတဲ့ တုန်ခါခြင်းမှ ထွက်လာတဲ့အသံတွေ ဖြစ်ပါတယ် ။ တနည်းအားဖြင့် သာယာသံမဟုတ်ရင် noiseလို့ ပြောလို့ရပါတယ် ။ ကားဟွန်သံ ၊ ဖန်ခွက်ကွဲသံ ၊ အော်ကြီးဟစ်ကျယ် လင်မယားရန်ဖြစ်သံ ၊ ဝုန်းကနဲတံခါးဆောင့်ပိတ်သံ ၊ လော်စပီကာသံ .. အကုန်လုံး noiseထဲသာထည့်ထားလိုက် … J ။ ကျွန်တော်တို့ ယနေ့နားထောင်၊တီးခတ်နေကြတဲ့ Rock&Metal musicတွေကလည်း အသံဗေဒအရ noiseတွေပါပဲ ။ ကြိုက်တဲ့သူအတွက်တော့ ခေါင်းတဆတ်ဆတ်နဲ့ စည်းချက်လိုက်နေပေမယ့် မကြိုက်တဲ့သူတွေကျတော့ မယ်တယ်သံ ကြားရင်ခေါင်းကိုက်၊ မျက်နှာကြီးရှုံ့မဲ့ပြီး ဝေးရာကိုပြေးရတာပဲ … ။ ဂီတသံနှင့် ဆူညံသံတို့ရဲ့ တုန်ခါနှုန်းများကို ဥပမာပုံတွင်ယှဉ်ပြထားပါတယ် ။

Tone
Any musical sound is called Tone .
ဂီတသံ (ဝါ) တူရိယာသံတွေကို Toneဆိုတဲ့ ဝေါဟာရဖြင့် ခေါ်ဝေါ် အသုံးပြုကြပါတယ် ။ ဒီတော့ ကျွန်တော်တို့က မည်သည့်ဂီတသံကိုမဆို Toneလို့ခေါ်နိုင်ပါတယ် ။ ဂီတသံတွေမှာ သံစဉ်နိမ့်၊မြင့် မတူညီတဲ့အသံ၁၂သံ (twelve tones) ရှိပါတယ် ။ အဲဒါကို pianoကို အသုံးပြုပြီး ရှင်းပြပါမယ် ။ သီအိုရီကို pianoနဲ့တွဲပြီးလေ့လာတဲ့အခါ ပိုပြီးလွယ်ကူရှင်းလင်းပါတယ် ။ pianoရဲ့ Middle C ခလုတ်မှစ၍ ကြည့်ပါ ။ C,D,E,F,G,A,B ဆိုတဲ့ အဖြူရောင်ခလုတ် 7ခုရှိပါတယ် ။ အဖြူရောင်ခလုတ်များရဲ့ကြားမှာ အနက်ရောင်ခလုတ် ၅ခုရှိပါတယ် ။ အဲဒါတွေကတော့ အဖြူရောင်ခလုတ် C နှင့် D , D နှင့် E , F နှင့် G , G နှင့် A , A နှင့် B တို့ရဲ့ကြားမှာဖြစ်ပါတယ် ။ အဖြူရောင်ခလုတ် ၇ခုနှင့် အနက်ရောင်ခလုတ်၅ခု စုစုပေါင်း၁၂ခု ၊ ဂီတသံ၁၂သံဖြစ်ပါတယ် ။ အဲဒီ ၁၂သံကို one octave လို့ခေါ်ပါတယ် ။ pianoတစ်လုံးမှာ သံစဉ်7octavesအထိတီးခတ်နိုင်ပြီး ၊ ဂစ်တာမှာတော့ 3ovtaves ၊အများဆုံး4octavesအထိပဲ တီးခတ်နိုင်ပါတယ် ။

ဒါကတော့ octaves ၃ခုကိုမြင်သာအောင် ရှင်းပြထားတဲ့ပုံပါ ။

Pitch
Pitch is the highness or lowness of a musical sound.
ဂီတသံမှာ တုန်ခါနှုန်းတွေ မတူညီကြတဲ့အတွက် အသံနိမ့်၊အသံမြင့် စသည်ဖြင့် ကွဲပြားနေပါတယ် ။ အသံမြင့်တွေက တုန်ခါနှုန်းများပြီး အသံနိမ့်တွေက တုန်ခါနှုန်းနည်းပါးကြပါတယ် ။ အဲဒီမတူညီတဲ့ ဂီတသံနိမ့်၊မြင့်တွေကို Pitchလို့ခေါ်ပါတယ် ။ Pitchနော် ! Bitch မဟုတ်ဘူး … ဝုတ်ပြီလား :D
Intervals
An Interval is the measure of the difference in pitch between any two musical sound.
Intervalဆိုတာ ဂီတနုတ်၂လုံး(သို့) ဂီတသံနှစ်ခုရဲ့ အကွာအဝေး (သို့) သံစဉ်နိမ့်၊မြင့် ခြားနားချက် ဖြစ်ပါတယ် ။ ဂီတရဲ့ဖွဲ့စည်းပုံကို လေ့လာဖို့အတွက် Intervalဟာ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဒေါက်တိုင်တစ်ခုဖြစ်ပါတယ် ။ Intervalကို ချဉ်းကပ်ဖို့ အရင်ဆုံးလေ့လာဖို့ကတော့ Hlaf-step နှင့် Whole-step ပါ ။ တဝက်နှင့် အပြည့်သံလို့မှတ်ထားလိုက် J
Half-step or Semi-tone (တဝက်သံ)
A half-step or semi-tone is the smallest difference of musical interval in pitch.
Half-step (သို့) semi-tone ဆိုတာ ဂီတသံတွေရဲ့ အနည်းဆုံး၊ အငယ်ဆုံး သံစဉ်ကွာခြားချက် ဖြစ်ပါတယ် ။ ဥပမာ - C မှ C# , E မှ F , F# မှ G .. စသည်တို့မှာ Half-stepများဖြစ်ကြပါတယ် ။ pianoမှာ ကပ်လျက်ခလုတ်များ (အဖြူမှအမည်း) တို့ဖြစ်ပြီး ၊ ဂစ်တာမှာဆိုရင်လည်း ကပ်လျက် အကွက်များဖြစ်ကြပါတယ် ။
Whole step or Whole tone (အပြည့်သံ)
A Whole step or Whole tone is the equivalent of two Half-steps .
Whole step ဆိုတာတော့ Half step ၂ခုနှင့်ညီမျှပါတယ် ။ ဥပမာ - C မှ D , Eb မှ F , G♯ မှ A♯ … စတဲ့ Half step ၂ခုရှိသည့်အကွာအဝေးတိုင်းသည် whole step များဖြစ်ကြပါသည် ။ ဂစ်တာတွင် လက်ကွက် ၁ကွက်ကျော်မှအသံများဖြစ်ပါသည် ။

(ဥပမာပုံထဲကအတိုင်း ကပ်လျက်အသံများမှာ Half step များဖြစ်ကြပြီး ၊ Half step ၂ခုပေါင်းထားသော တကွက်ကျော်မှအသံများသည် whole step များပင်ဖြစ်ပါသတည်း ။ )
Degree
A Degree is a step. The step may be either a Half step or Whole step, but it is always from one letter to the next letter.
မည်သည့် Half step (သို့) Whole step မဆို Degree လို့ခေါ်ပါတယ် ။ သို့သော် letterများ ကွဲပြားရပါမည် ။ ဥပမာ- A နှင့် B သည် Whole step ၊ B နှင့် C သည် Half step များဖြစ်ကြ၍ ၄င်းstep ခုလုံးသည် Degree များဖြစ်ကြပါသည် ။ A မှ A♯ , C မှ C♯ ဟူ၍မရှိပါ ။ A မှ Bb, C မှ Dbဟူ၍ဖြစ်ပါသည် ။



















