စုံစီနဖာ၊အတိုအထွာရွာ
Chord များ၏သဘာဝသံများ (၀င်းကို)
Major chords
Minor chords
Diminished chords
Augmented chords
ခေတ်ပေါ်သီချင်းတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှု (ရွှေဦးစ)
သီချင်းတစ်ပုဒ်ကိုလေ့လာကြည့်ရအောင်..သူငယ်ချင်းတို့
သီချင်းတစ်ပုဒ်ကို အဓိကအစိတ်အပိုင်း ၃ ခုနဲ့ဖွဲ့စည်းထားကြတယ်
၁.စာသား(lyric) ၂. သံစဉ်(melody) ၃. နောက်ခံဂီတ (background music) ..အဲဒီ ၃မျိုးပါပဲ။
နဲနဲလေးထပ်ပြောကြည့်မယ်။
၁.စာသား(lyric)
စာသားကတော့သီချင်းထဲကစကားလုံးတွေ၊၀ါကျတွေပါပဲ။ အဲဒီစာသားတွေက
ဇာတ်လမ်းလေးတွေဖြစ်ချင်ဖြစ်မယ်၊ခံစားချက်စာစုလေးတွေဖြစ်ချင်ဖြစ်မယ်၊အဲဒီစာသားတွေဟာလည်း
အသံအတိုအရှည်metreရှိပြီးနဲ့ကာရန်လေးတွေနဲ့ဖြစ်တတ်တယ်။
၂.သံစဉ်(melody)
သံစဉ်ကတော့ သူငယ်ချင်းတို့ဆိုညည်းတဲ့တေးသွားလေးပါပဲ။သူက note တွေတန်ဖိုးအမျိုးမျိုးနဲ့ တွဲစပ်ထားကြတာပါ။သီချင်းတစ်ပုဒ်ရဲ့စာသားလေးကိုဆိုညည်းလိုက်တာဟာသံစဉ်ကိုစာသား နဲ့တွဲဆိုလိုက်တာပဲပေါ့။
၃.နောက်ခံဂီတ(Background music)
နောက်ခံဂီတကတော့ တီးဝိုင်းရဲ့ဂီတပညာရှင်တွေအတူတကွတီးထားကြတာပါ။
အဲဒီနောက်ခံဂီတကတော့သံစဉ်စာသားကိုထောက်ပံ့ပေးပြီး၎င်းတို့နဲ့တသားတည်းဖြစ်စေပါတယ်။
အဲဒီတော့သီချင်းရဲ့ အဆာပလာ ၃ မျိုးမှာ စာသားနဲ့သံစဉ်ကတေးရေးသူတစ်ယောက် အတွက်တော့ပိုအရေးကြီးပါတယ်။
သံစဉ်နဲ့စာသားတို့ရဲ့အားကောင်းမှုကြောင့် သီချင်းဟာပေါက်သွားတတ်ပါတယ်။
နောက်ခံဂီတအတွက်ကတော့ပူပန်မှုသိပ်ထားစရာမလိုပါဘူးဒါကတီးတဲ့ပညာရှင်တွေက
အဆင်ချောအောင်လုပ်သွားနိုင်ကြပါတယ်။အခုပြောခဲ့တာတွေဟာသီချင်းတစ်ပုဒ်ရဲ့ အဓိကခေါင်းစဉ်ကြီးတွေပါ။
ထပ်မံပြီးတော့သီချင်းမှာပါတဲ့အစိတ်အပိုင်းတွေကို ထပ်ပြီးအသေးစိတ်သိဖို့လိုပါသေးတယ်။
Song parts တွေလို့ခေါ်ရမှာပေါ့။
Song Parts ၇ မျိုးရှိပါတယ်။အဲဒါတွေကတော့..
1.Introduction( I )
2.Verse (V)
3.Pre-Chorus (PC)
4.Chorus (C)
5.Bridge (B)
6.Solo (S)
7.Outro (O) တို့ဖြစ်ကြပါတယ်။ခေတ်ပေါ်တေးဂီတတွေဟာအဲဒီအစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းကြပါတယ်။
သီချင်းတိုင်းကိုတော့ဒါတွေအားလုံးပါရမယ်လို့မဆိုလိုပါဘူး။ သီချင်းတော်တော်များများဟာverse နဲ့ chorus ပဲပါတဲ့
ရိုးရိုးရှင်းရှင်းသီချင်းတွေလည်းရှိကြတာအများကြီးပါ။ ဒါပေမယ့် ဒီကနေ့ခေတ်သစ်ရဲ့ချဲ့ထွင်မှုကိုရှင်းပြလိုရင်းဖြစ်ပါတယ်။
အဲဒီတော့ song parts ၇ မျိုးကိုတစ်ချက်ချင်းကြည့်ရအောင်..
1.Introduction : သူ့ကို intro လို့လည်းခေါ်ကြပါတယ်။ music သက်သက်ပဲတီးတာပါ vocal မပါဘူး။သီချင်းရဲ့
အစပိုင်းမှာမိတ်ဆက်အနေနဲ့ဝင်တာပါ။ ( intro မပါတဲ့ချွင်းချက်ရှိတဲ့သီချင်းတွေလည်းရှိပါတယ်)။
2.Verse : verse ကတော့ သီချင်းစဆိုတဲ့အပိုဒ်ပါ။ ဒါပေမယ့်ရှားရှားပါးပါး chorus နဲ့စတင်ပြီးဆိုတဲ့သီချင်းတွေ လည်းရှိပါတယ်။ဒါပေမယ့် 95% သော
hit song တွေကတော့ ပထမဆုံး verse အပိုဒ်နဲ့စတင်သီဆိုကြတာချည်းပါပဲ။ သီချင်း တစ်ပုဒ်မှာ verse အပိုဒ် ၂ ပိုဒ်ကနေ ၄ ပိုဒ်အထိ ပါတတ်ပါတယ်။
verse အပိုဒ်ဟာ အဖြစ်အပျက်တစ်ခုရဲ့ဇာတ်လမ်းလေးဖြစ်ချင်ဖြစ်နေမယ် ဒါမှမဟုတ် စကားလုံးအလှလေးတွေနဲ့ချယ်မှုန်းထားတာလည်းဖြစ်နိုင်ပါတယ်။
verse ရဲ့ သံစဉ်တွေဟာအတူတူပဲဖြစ်ပြီး စာသားလေးတွေသာပြောင်းလဲသွားတာပါ။
3.Pre-Chorus : pre-chorus ကတော့ ချွင်းချက်တစ်ခုပါ။ သူ့ကို သုံးလည်းရသလိုမလိုအပ်ရင်တော့မသုံးပဲ နေနိုင်ပါတယ်။ အများအားဖြင့် verse ပြီးရင်
chorus ကိုတက်သွားကြတာများပါတယ်။ ဒါပေမယ့်ကို pre-chorus ကိုဘယ်လိုနေရာမှာသုံးသလဲဆိုတော့
verse အပိုဒ်မှာ low note တွေသုံးထားတယ်။ ဒါပေမယ့် chorus မှာတော့ high note တွေသုံးထားတဲ့အခါ melody ကူးပြောင်းတာ
ချောမွေ့စေဖို့ medium note လေးတွေနဲ့ pre-chorus ကို ခံပြီးမှ chorus ကိုတက်ကြပါတယ်။အဲဒီတော့ စာသားအကူးအပြောင်းလည်းချောမွေ့သွားတာပေါ့။
4.Chorus : chorus ကတော့သီချင်းတစ်ပုဒ်ရဲ့ melody အရ ရော lyric အရရော စိတ်လှုပ်ရှားဖို့အကောင်းဆုံးအပိုဒ်ပါ။ အများအားဖြင့် သီချင်းရဲ့ title စာသားတွေ၊
နားဆင်သူကိုဖမ်းစားမယ့်စာသားတွေ ပါဝင်ကြပြီးတော့ ၂ ကြိမ် ထက်မက ကျော့ပြီးသီကုံးကြတယ်။ သီချင်းရဲ့ title တို့ဘာတို့ဆိုတာကစိတ်ထဲမှာနားစွဲစေတဲ့
အပိုဒ်တွေပေါ့။ chorus ကိုသီချင်းတစ်ပုဒ်မှာ အနည်းဆုံး ၃ ကြိမ်လောက်တော့ကျော့ပြီးဆိုကြတယ်။ chorus ရဲ့ စာသား(lyric)၊ သံစဉ် (melody)၊ နောက်ခံဂီတ ( background music)
တွေဟာ ထပ်ကျော့တိုင်းတူညီတတ်ကြတယ်။ အဲ..ချွင်းချက်ကတော့ပိုပြီး ဆွဲဆောင်မှုဖြစ်အောင် chorus တစ်ခုလုံးကိုပြောင်းလဲရေးစပ်ထားတဲ့ outro chorus ကတော့ chorus ကနေ
ကွဲပြားချက်တစ်ခုပေါ့။
5. Bridge : Bridge ကို ပုံစံ ၂ မျိုး ရည်ရွယ်ချက် ၂မျိုး နဲ့ရေးကြပါတယ်။ အဲဒီတော့ Bridge ၂ မျိုးလို့သတ်မှတ်လိုက်ရအောင်။
Bridge ကိုအထူးအသုံးများတာကတော့ Verse/Chorus သီချင်းမျိုးမှာရေးသားလေ့ရှိကြပါတယ်။နောက်ပုံစံတစ်မျိုးအသုံးပြုပုံကတော့
Verse/Bridge ပုံစံပဲဖြစ်ပါတယ်။ အဲဒီမှာသီချင်းရဲ့ဆွဲဆောင်တဲ့စာသားတွေ၊ခေါင်းစီးစာသားတွေကို Verse/Chorus အမျိုးအစားမှာကြတော့
Chorus မှာရေးသားလေ့ရှိကြတယ်။ Verse/Bridgeဆိုတဲ့ အမျိုးအစားမှာကြတော့ Verse မှာပဲ အဲဒီစာသားတွေကိုတွေ့ရတယ်။
ပထမအမျှိုးအစား Bridge ကိုတော့ နားထောင်သူပရိတ်သတ်အတွက်အသစ်အဆန်း ဖြစ်စေဖို့ရာ သီချင်းရဲ့တစ်ဝက်လောက်မှာ
ရေးသားလေ့ရှိပါတယ်။ Verse/Chorus song တစ်ပုဒ်မှာ သီချင်းတစ်ဝက်လောက်ရောက်ရင် အရင်
Verse အပိုဒ်ရဲ့သံစဉ်ကိုထပ်ပြီးနားမထောင်ချင်တော့ဘူး။ငြီးငွေ့စရာဖြစ်လာတယ်။ဒါကြောင့် Bridge ကိုရေးကြတာ။သူ့သံစဉ်က
Verse နဲ့လည်းမတူဘူး၊Chorus နဲ့လည်း ကွဲပြားတယ်။သံစဉ်စာသားအသစ်လေးတွေပေါ့။ Verse နဲ့ Chorus ကြားမှာချောမွေ့စေတဲ့ပေါင်းကူးလေး
ဒါမှမဟုတ် solo နဲ့ချောမွေ့စေတဲ့ဆက်စပ်မှုလေးပေါ့။ဒုတိယအမျိုးအစား Bridge ကိုသုံးတာကတော့
Chorus လုံးဝမပါတဲ့ Verse/Bridge အမျိုးအစားပဲဖြစ်တယ်။Bridge က Verse နဲ့ကွဲပြားပြီးသံစဉ်စာသားရေးထားပေမယ့်
ခေါင်းစီးစာသားတွေဘာတွေကိုတော့ Bridge မှာမထည့်ပဲ Verse မှာပဲပါရတယ်။ဒါက Chorus မဟုတ်ဘူး Bridge ဆိုတာကို
ငြင်းခုံချင်စရာမေးခွန်းတွေနဲ့ပဲထားလိုက်ရအောင်။ဂီတဆိုတာ အသစ်အသစ်ဖန်တီးမှုတွေပဲမဟုတ်လား...။
6. Solo : ဒီနေရာမှာသီချင်းဆိုတာနားပါတယ်။ ဂစ်တာသမား(သို့မဟုတ်) အခြားတူရိယာပညာရှင်တို့
တစ်ကိုယ်တော်လက်စွမ်းပြကြပါတယ်။တီးလုံးချည်းပဲပေါ့ဗျာ။
7 . Outro : ဒါကတော့သီချင်းရဲ့နောက်ဆုံးဆိုတဲ့ chorus ကို ပိုပြီးဆွဲဆောင်မှုရှိအောင် melody ကိုပြောင်းလဲ
သီဆိုတဲ့ chorus အပိုဒ်ပါ။
(ကဲ..သီချင်းရေးရင်..အဲဒီလို 7 မျိုးပါချင်ပါမယ်။မပါရင်လဲမပါဘူး။ verse အပိုဒ်ချည်းပဲ
ပါတဲ့သီချင်းတောင်ရှိသေးတော့...ဖန်တီးမှုတိုင်းဆန်းသစ်လို့ ရပါတယ်လို့ပြောရင်း.....
{ရွှေဦးစ....---- ခေတ္တ...အရူးရွာ။} )
Perfect note က ဘာကြောင့် Perfect ဖြစ်ရတာလဲ(Perfect လို့ဘာကြောင့်ခေါ်ရလဲ)....(ရွှေဦးစ)
အတော်ဦးဏှောက်စားတဲ့မေးခွန်းပါ။ဂီတသံတွေမှာPerfect tone ဆိုတာ
နားထဲမှာနားဝင်ပီယံအရှိဆုံးမို့ သူကအရေးပါပါတယ်။ဒါဆိုဘာကြောင့်အရေးပါသလဲလို့မေးတာနဲ့တူတူပဲလို့မှတ်ရမှာပေါ့။
Staff လိုင်းတွေပေါ်မှာ note 2 ခုကိုတပြိုင်တည်းရေးတဲ့အခါ သူတို့ 2 ခု အကွာအဝေး
ကို interval လို့ ခေါ်ကြပါတယ်။ဥပမာ- Key C မှာကြည့်ပါ။
Key note ဖြစ်တဲ့ C ကနေ F ထိ ရေတွက်ကြည့်ရင် 4 ရပါတယ်။
G ထိရေကြည့်ရင် 5 ရပါတယ်။အဲဒီ နှစ်ခုက Perfect အကွာအဝေးပါ။
C နဲ့ F ကို Perfect 4th လို့ခေါ်ပြီး C နဲ့ G ကို Perfect 5th လို့ ခေါ်ပါတယ်။
ပြီးတော့ နောက်ထပ် perfect 2 ခုရှိသေးတယ်။ C နဲ့ C ဆိုရင် အကွာအဝေး
မရှိလို့ Perfect Unison လို့ခေါ်တယ်။ C ကနေ နောက်ထပ် Octave
ဖြစ်တဲ့ ရေတွက်ရင် 8 ခုမြောက် C' အမြင့်သံလည်း Perfect ပါပဲ။
Perfect 8th ပေါ့။အဲဒီတော့အခုဒီနေရာမှာတခြား interval တွေအကြောင်း
(Inversion တွေအကြောင်း)မပြောတော့ပါဘူး။အဲဒါသီးခြားဆောင်းပါးအနေနဲ့ ၀င်းကိုရေးနေပါတယ်။
အဲမှာပြည့်ပြည့်စုံစုံဖတ်နိုင်ပါတယ်။အဲဒီတော့မေးခွန်းကိုပြန်လှည့်ရအောင်။
Perfect သံတွေကိုဘာကြောင့် Perfect လို့ခေါ်ရတာလဲတဲ့။(ဟီးဟီး...
မေးခွန်းကရီစရာမကောင်းဘူးလား...ဒီအတိုင်းမှတ်ထားရင်ပြီးတဲ့ဟာကို..အရူး..)
ဒါကအသံတွေဆက်သွယ်တာနဲ့ဆိုင်သွားပြီ။ Tone-Relation ပေါ့။
Natural C ရဲ့အထက် ရေတွက်လိုက်ရင် 6 ခုမြောက်မှာ A ရှိပါတယ်။
အဲဒီ A note ကိုနမူနာထားပြီးပြောပါမယ်။တစ်စက္ကန့်မှာ A note ဟာ
တုန်ခါတဲ့ကြိမ်နှုန်း 435 ရှိပါတယ်။(440 နဲ့လည်းတွက်ရင်ရပါတယ်။)။
အဲဒီတော့ A ကနေ A ပဲရှိနေရင်ပြောင်းလဲမှုမရှိတဲ့အတွက် 1:1 အချိုးပဲရပါတယ်။
အဲဒီ A ကို ပဲ နှစ်ဆတုန်ခါလိုက်ရင် သူ့ရဲ့ Octave တစ်ဆင့်မြင့်သံ A (ကြိမ်နှုန်း 870)
ရပါတယ်။ဒါကြောင့်အချိုးက 435:870 ဆိုတော့ 1:2 ဖြစ်ပါတယ်။အဲဒီလို ရိုးရှင်းတဲ့
အချိုး2ခုဟာ Perfect ဖြစ်တော့တာပဲပေါ့။ A-A(unison), A-A'(8th) တွေဟာ Perfect ဖြစ်တဲ့အသံ
အချိုးကိုရတယ်။နောက်ထပ်ရိုးရှင်းတဲ့အချိုးတစ်ခုက 2:3 ပဲ။435: 652.5 ပဲ။
တစ်စက္ကန့်မှာ 652.5 ကြိမ် တုန်ခါရင် A ကနေ 5 သံမြောက်ဖြစ်တဲ့ E' ကိုရတယ်။
အဲဒါကနောက်ထပ်နားဝင်ပီယံအဖြစ်ဆုံးအသံပဲ။ Perfect 5th လို့သတ်မှတ်လိုက်ကြတယ်။
A(435) ကိုတစ်ဝက်လျှော့တဲ့ A အနိမ့်သံ(217.5)နဲ့အချိုးချရင်တော့ 1:3 အချိုးရတာပေါ့။
ဒါကြောင့် 5 သံမြောက်ဟာ simple ratio ဖြစ်တဲ့အတွက် perfect လို့သတ်မှတ်လို့
Perfect 5th လို့ ခေါ်ကြတယ်။ ကဲ...အချိုးတွေပြဖို့ A note ကို နမူနာ ထားပြတာရပ်ပြီး
Scale ကို ဘယ်လိုတည်ဆောက်လည်းဆိုတာကြည့်မယ်။ Key C ဖက်ပြန်လှည့်ရအောင်။
C ကနေ Perfect 5th ကိုယူရင် G ကိုရတယ်။ G ကနေ Perfect 5th ယူရင် D ကိုရတယ်။
D ကနေ Perfect 5th ကိုယူရင် A ကိုရတယ်။ A ကနေ Perfect 5th ယူရင် E ရတယ်။
E ကနေ Perfect 5th ယူရင် B ရတယ်။ B ကနေ Perfect 5th ယူရင် F# ရတယ်။
....အဲဒီတော့ C major scale ကို စဉ်မယ်ဆိုရင် C-D-E-F#-G-A-B ဆိုပြီးရတာပေါ့။
ဒါပေမယ့် F# ကိုစဉ်းစားရမယ်။သူက B ကနေရေတွက်ထားတာဖြစ်တယ်။ F ဆိုရင်ကော..
F ကနေ ရေတွက်ရင် Perfect 5th ဟာ C ဖြစ်ပါတယ်။ အဲဒီတော့ F က ပိုပြီး C နဲ့ တိုက်ရိုက်
ဆက်သွယ်မှုရှိနေတယ်။ဒါကြောင့် C Major Scale မှာ F# အစား F ကိုပဲ ယူကြမယ်လို့ ဆုံးဖြတ်
နိုင်တယ်။ဒါကြောင့် C ကနေ ရေတွက်ရင် 4 သံမြောက် F ဟာလည်း C ဆိုတဲ့ Key Note နဲ့
တိုက်ရိုက် ပတ်သက်နေလို့ သူဟာလည်း Perfect ဖြစ်ပြီး Perfect 4th လို့ ခေါ်ကြတယ်။
ဒီတော့ Diatonic Scale တစ်ခုကိုတွက်ထုတ်နိုင်ပြီ။ Key-C ( C-D-E-F-G-A-B-C')ရပါတယ်။
ဒို-ရေ-မီ-ဖါ-ဆို-လာ-တီ-ဒိုး...ပေါ့ဗျာ။ကဲ.... Perfect ဟာ ဘာကြောင့် Perfect ဖြစ်ရသလည်း
ဆိုတာ ဒါလောက်ပဲကျွန်တော်သိပါတယ်။