PLAN – 9
" ကမ္ဘာစောင်းတာ အပြစ်မတင်ပါဘူး .....
အိပ်မက်တွေလိုက်စောင်းတာ ရင်နာတယ် …… "
Fingering …
Ex - 135 , Mp3 track = ex135
Ex - 136 , Mp3 track = ex136
Ex - 137 , Mp3 track = ex137
Ex - 138 , Mp3 track = ex138
Common-time လို့ခေါ်တဲ့ 4/4 timing တွေ အများကြီး လေ့ကျင့်ခဲ့ပြီးပါပြီ ။ ဒီနေ့ Timing အသစ်တစ်ခု လေ့ကျင့်ရအောင်ဗျာ ။ ¾ timing လို့ခေါ်တဲ့ ဂျိမ်းတုပ်တုပ်(waltz-time)ပါ ။ ¾ timing ဆိုတဲ့ အတွက် ၁ဘားတွင်စည်းချက် ၃ချက် ရှိပါသည် ။ အတိုကောက် မှတ်သားရန် ( Three crotchets in a Bar / ၁ဘားအတွင်း Quarter-noteတန်ဖိုး စည်း၃ချက်ရှိသည့် နရီအမျိုးအစား) ဟုဖြစ်ပါသည် ။ Time signaturesကို plan-1မှာ ရှင်းပြခဲ့ပြီးပါပြီ ။ အပေါ်ကဥပမာပုံမှာလည်း ထပ်ရှင်းပေးထားပါတယ် ။ crotchetဆိုတာ Quarter-noteရဲ့ အခေါ်အဝေါ်တစ်မျိုးပါ ။ ¾ ဟာ အလွန်စွဲဆောင်မှုရှိတဲ့ စည်းချက်တစ်မျိုး ပဲဖြစ်ပါတယ် ။ ရေတွက်တဲ့အခါမှာ ONE,two,threeဟု ရေတွက်ရပါတယ် ။ သတိထားစရာတစ်ခု ကတော့ ¾ time၏ beat-1သည် strongဖြစ်ရပါမယ် ။ ထို့ကြောင့် ပထမစည်းချက်(ONE)ကို ရေတွက်ရာတွင် သိသာထင်ရှားအောင် အသံကျယ်ကျယ်ရေတွက်၍ တီးခတ်ရာတွင်လည်း အနည်းငယ်အားစိုက်ပြီး (accentလုပ်၍)အသံကျယ်ကျယ် တီးခတ်ပေးရပါမယ် ။ ထို့ကြောင့် ONE,two,three / STRONG,weak,weak ဟူ၍ဖြစ်ပါတယ် ။ ပိုပြီးနားလည် သဘောပေါက်သွားအောင် အောက်က လေ့ကျင့်ခန်းတွေကို တီးခတ်ပြီးနားထောင်ကြည့်ပါ ။ ။
(*ပထမစည်းချက်တိုင်းကို Accent/အသံကျယ်ကျယ် တီးခတ်ပေးပါ ။ )
Ex - 139 , Mp3 track = ex139
Ex - 140 , Mp3 track = ex140
Timingသစ်နှင့်အတူ chordသစ် ၃ခုကိုလေ့ကျင့်ပါမယ် ။ လက်ချောင်းနံပါတ်များ ၊ မတီးခတ်ရတဲ့ ကြိုးများကို ပုံမှာဖော်ပြထားပါတယ် ။ အဆင်ပြေမှာပါ J ။
ပထမဆုံး မြန်မာ့ရိုးရာသင်ခန်းစာဖြင့်စလိုက်ရအောင် ။ ။
Ex - 141 , Mp3 track = ex141
အခုတီးခတ်ခဲ့တဲ့ 1,2and,3 ဆိုတဲ့ Rhythm-patternလေးက အလွန်အသုံးများပါတယ် ။ ¾ timing သီချင်း ၈၀%နှုန်းလောက်ကို ဒီpatternဖြင့် တီးခတ်ကြပါတယ် ။ နောက်လေ့ကျင့်ခန်းက ထမင်းစားကော့ဒ်တွဲလေးပေါ့ J ။ (အရူး..မကြောက်မရွံ့နဲ့ … ဆရာကြီးတွေဝိုင်းရိုက်အုံးမယ်) ။ တကယ်ပါ ။ ex-142နဲ့ သီချင်းအပုဒ်၁၀၀လောက် ခင်ဗျားစိတ်ကူးရှိသလို ဖန်တီးလို့ရပါတယ် ။ စိတ်နာနာနဲ့ အခေါက်၁၀၀လောက် တီးပစ်လိုက်ဗျာ … ။ ။
Ex - 142 , Mp3 track = ex142
Ex - 143 , Mp3 track = ex143
ex-144&145ကိုတီးတဲ့အခါ နောက်ဆုံးstrumဖြစ်တဲ့ 3andကိုသတိထားပြီး ပါဝင်အောင် တီးပေးပါ နောက်တစ်ဘားမရောက်မီ ကော့ဒ်ကိုကြိုတင် မလွတ်မိပါစေနဲ့ ။ ။
Ex - 144 , Mp3 track = ex144
Ex - 145 , Mp3 track = ex145
တော်တော်လေးတီးခဲ့ပြီးပြီ ။ ၅ကြိုးပေါ်က နုတ်အသစ်တွေတက်ကြတာပေါ့ ။ ။
ပုံကိုကြည့်ပါအုံး ။ နုတ်တွေက staff-lineထဲမှာ မဟုတ်တော့ဘူး ။ ခင်ဗျားတို့ အသားကုန်တီးလိုက်တာ နုတ်တွေတောင် ကြောက်ပြီးအပြင်ထွက်လာပြီ … ဟား ဟား ။ (အဲလိုလည်း ဟုတ်ပါဝူး ။ သံစဉ်တွေအများကြီးရှိတဲ့ ဂီတသံတွေကို မျဉ်း၅ကြောင်းတည်းနဲ့ ပြီးစရာလားလို့ .. နော့ ။) staff-noteမှာ သံစဉ်တွေရေးတဲ့အခါ အသံမြင့်တွေကို staff-linesတွေရဲ့ အပေါ်ဘက် နှင့် အသံနိမ့်များကို staff-linesတွေရဲ့ အောက်ဘက်တွေမှာ တိုးချဲ့ပြီး ရေးသားနိုင်ပါတယ် ။ staff-linesရဲ့ အပေါ်(သို့မဟုတ်)အောက်ဘက်သို့ ဆင်းလာတဲ့နုတ်တွေကို ledger-lineတိုလေးများနှင့် ရေးသားပါတယ် ။ ထို့ကြောင့် ၄င်းနုတ်များကို ledger-noteလို့ခေါ်ပါတယ် ။ အခုပုံမှာတွေ့နေရတာကတော့ staff-lineတွေရဲ့အောက်ဘက် (အသံနိမ့်) ၅ကြိုးပေါ်မှ ledger-noteတွေပဲဖြစ်ပါတယ် ။ အလွယ်မှတ်ထားဖို့ကတော့ ledgerမျဉ်းတစ်ကြောင်းပေါ်က-C , ledgerမျဉ်းတစ်ကြောင်း အောက်က-B , ledgerမျဉ်း ၂ကြောင်းတွေ့ရင် -A တို့ပဲဖြစ်ပါတယ် ။ staff၅လိုင်းထက်တောင် မှတ်ရလွယ်သေး နော် ။ အလွတ်မှတ်မိအောင် ကြည့်လိုက်ပါ ။ ပြီးရင်အောက်မှာ လေ့ကျင့်ခန်းတွေစောင့်နေတယ် J
Ex - 146 , Mp3 track = ex146
Ex - 147 , Mp3 track = ex147
(Eight note များကို down-up stroke တီးပေးပါ)
Ex - 148 , Mp3 track = ex148
Ex - 149 , Mp3 track = ex149
Ex - 150 , Mp3 track = ex150
Ex - 151 , Mp3 track = ex151
Ex - 152 , Mp3 track = ex152
Ex - 153 , Mp3 track = ex153
Ex - 154 , Mp3 track = ex154
2/4 time ဆိုတာ ၁ဘားမှာ Quarter-note စည်း၂ချက်ရှိတဲ့ timingတစ်ခုပါ ။ ခြေ၂ချက်ပုတ်ရင် ၁ဘားဖြစ်နေပါပြီ ။ country & folk songတွေမှာ ရေးသားလေ့ရှိပါတယ် ။
Ex - 155 , Mp3 track = ex155
ဒီနေ့ရဲ့ နောက်ဆုံးလေ့ကျင့်ခန်းလေးက ခင်ဗျားကို အမောပြေစေမှာပါ ။ J
Ex - 156 , Mp3 track = ex156
plan9- အသံဖိုင်များဒေါင်းလုပ်ရန် adf.ly/ReSPu