PLAN-1

                "ယနေ့သောက်နိုင်သောပုလင်းကို နောက်တနေ့စာမချန်ပါနှင့် … " 

 

ကျွန်တော့်ရဲ့သင်ခန်းစာများကို PLAN ဖြင့်စီစဉ်ရေးသားထားပါတယ် ။ PLAN တစ်ခုကို တစ်ရက်တီးဖို့ရယ်တော့ မဟုတ်ပါဘူး ။ လူတစ်ယောက်နှင့်တစ်ယောက် လက်ခံနိုင်စွမ်းဖြင်း မတူကြပါဘူး ။ PLAN တစ်ခုဘယ်နှစ်ရက်တီးတီး အကြောင်းမဟုတ်ပါဘူး ။ အဓိကပြောချင်တာတော့ PLAN ၂ခုကို တစ်ရက်တည်းမတီးဖို့နှင့် မကျေညက်မချင်း PLAN အသစ်မတီးဖို့ပါပဲ … ။ အမြန်လိုချင်ဇောနှင့် စည်းကမ်းတွေမေ့ပြီးတီးရင် တိုးတက်ဖို့နှေးသွားပါလိမ့်မယ် ။ တတ်ဖို့မလောပါနှင့် ။ စိတ်အေးအေးထားတီးပါ ။ ဒီcourseမှာ Patternတွေကို ကျေညက်အောင်အဓိကထားတဲ့ စနစ်ဖြစ်တဲ့အတွက် သီချင်းတီးရအုံးမှာ မဟုတ်ပါဘူး ။ သည်းခံပြီးလေ့ကျင့်လိုက်ပါ ။ နောက်courseတွေမှာ styles နှင့် songs တွေတွဲပြီးလေ့ကျင့်သွားမှာပါ … ။ ကဲ... ပျော်ရွှင်စွာ စလိုက်ရအောင်ဗျား…. ။

Warm-Up(လက်ချောင်းသွေးပူလေ့ကျင့်ခန်း)

                အခြေခံဂစ်တာသမား (သို့) အဆင့်မြင့်ဂစ်တာသမားပဲဖြစ်ဖြစ် ဂစ်တာစကိုင်ပြီ ဆိုတာနဲ့ warm-upလေ့ကျင့်ခန်းတွေ မလွဲမသွေတီးရပါမယ် ။ ရည်ရွယ်ချက်ကတော့ လက်ချောင်းများ သွေးပူလာအောင် ၊ သန်မာလာအောင် ၊ လွတ်လပ်စွာ လှုပ်ရှားနိုင်အောင် ၊ ဘယ်လက်နှင့် ညာလက် အပေးအယူမျှတအောင် စသည်တို့အတွက်ဖြစ်ပါတယ် ။ ဒါကြောင့် ဂစ်တာ လေ့ကျင့်နေတုန်းမှာ speedဆိုတာကို ခေါင်းထဲကထုတ်ထားပါ ။ မှန်ဖို့သာလိုပါတယ် ။ နည်းစနစ်ကျဖို့သာ လိုပါတယ် ။ အခြေခံလေ့ကျင့်ခန်းများကို down stroke (ဂစ်တာကြိုးပေါ်မှ အောက်သို့တီးခတ်ခြင်း)ဖြင့်သာ လေ့ကျင့်ပါမယ် ။down-stroke ကို သင်္ကေတဖြင့် ရေးသားပါတယ် ။    လေ့ကျင့်ခန်းများ မလေ့ကျင့်မီ အစပိုင်းတွင် ရေးသားခဲ့သော ဘယ်လက်အနေအထား နှင့် ညာလက်အနေအထား တို့ကို ကျေညက်အောင် မှတ်ထား စေလိုပါတယ် ။ အကြံတစ်ချို့ပေးချင်တာကတော့

·         ဘယ်/ညာလက်အနေအထားများမှန်အောင်ဂရုစိုက်ပါ

·         လက်ချောင်းထိပ်များနှင့်တီးခတ်ပါ(လက်ပြားနှင့်မတီးပါနှင့်)

·         အနှေးဆုံးကိုတီးပါ ။ Beginnerအတွက် Tempo 60bpm ဟာအသင့်တော်ဆုံးပါ ။

·         Metronomeဖြင့်ကျင့်ပါ ။ (မရှိပါက ဒီစာအုပ်ရဲ့အသံဖိုင်များဖြင့်တွဲကျင့်ပါ)     

·         အရင်စာအုပ်ကိုသာကြည့်၍ တီးပါ ။ ပြီးမှအသံဖိုင်ဖြင့်စစ်ဆေးပါ ။ တွဲကျင့်ပါ ။    

 

လေ့ကျင့်ခန်း Ex -1 အတွက်ရှင်းပြထားသော ပုံကိုကြည့်ပါ ။ (တီးတော့မယ်နော် ခဏလေး :) )

ပထမဘားက ၁ကြိုး ၊ ဒုတိယဘားက ၂ကြိုး ၊ တတိယဘားက ၃ကြိုး ၊ စတုတ္ထဘားက ၄ကြိုး တို့တွင် တီးခတ်ရပါမည် ။ lineပေါ်တွင် ရေးဂဏန်းများသည် guitar-fret (ဂစ်တာလက်ကွက်) ကို ဖော်ပြထားခြင်း ဖြစ်ပါသည် ။ အောက်တွင်ဖော်ပြထားသော လေးထောင့်မှောက်ခုံလေးများသည် down stoke ဖြင့်တီးခတ်ရမည်ဖြစ်ကြောင်း … ။ ထိုအောက်တွင် ရေးထားသော ဂဏန်းများက တော့ ဘယ်လက်ချောင်းနံပါတ်များ ဖြစ်ပါသည် ။ အရေးတကြီး မှာစရာ တစ်ခုသာ ကျန်ပါတော့သည် ။ (တကယ်ပါ…ကိုကို) လေ့ကျင့်ခန်း၁တွင် ၁ကြိုး၊လက်ကွက်၁တွင် ဘယ်လက်ညိုးဖြင့်တီးခတ်ပြီး၊ ၁ကြိုး၊လက်ကွက်၂တွင် ဘယ်လက်ခလယ်ဖြင့် တီးခတ်သောအခါ …. ဘယ်လက်ညိုးကို မလွတ်ပါနှင့် ။ ဆက်၍နှိပ်ထားပါ ။ ကျန်လေ့ကျင့်ခန်းများလည်း ထိုနည်း၎င်းပါ ။ ကဲ..စတီးပါပြီဗျားးးး ။  


Ex1(လက်ချောင်း၁နှင့်လက်ချောင်း၂)Mp3 track = ex1

*note (same as …. ဆိုတာလည်း etc/and so on နဲ့အတူတူပါပဲ ။ ရှေ့ကလက်ချောင်းအတိုင်း ဆက်တီးသွားဖို့ပြောတာပါ ) ။ Ex-2 လည်းဒီပုံစံပါပဲ ။ တီးရမယ့် လက်ချောင်းများနဲ့ fretမတူတော့တာ တစ်ခုပါပဲ ။ သတိထားဖို့က လက်ချောင်း၂ကိုတီးပြီး လက်ချောင်း၃ကို တီးတဲ့အခါ လက်ချောင်း၂ကို ဆက်ဖိထားပါ ။ တီးလိုက်ပါအုံး ပြုံးပြုံးလေး …. ။ 

 

Ex-2 (လက်ချောင်း၂ နှင့် လက်ချောင်း၃) Mp3 track = ex2

Ex-3 ကိုဆက်တီးပါမယ်။ လက်သန်းလေ့ကျင့်ခန်းဖြစ်လို့ နည်းနည်းတော့ အခက်တွေ့နိုင်ပါတယ် ။ ကြိုးစားပြီးတီးလိုက်ပါအုံး ။

Ex-3 (လက်ချောင်း၃နှင့် လက်ချောင်း၎) Mp3 track = ex3

ခင်ဗျားကို ဂစ်တာသူရဲကောင်းဖြစ်စေမယ့် လှေကား၃ထစ်ကို တက်ပြီးပါပြီ ။ (ပြန်ဆင်းလည်း လူပျိုမဖြစ်တော့ပါ ) အဲဒီတော့ ဆက်လက်ချီတက်ကြတာပေါ့ ။ လေ့ကျင့်ခန်းတစ်ခုကို ၅မိနစ်ခန့် တီးပေးပါ ။ လေ့ကျင့်ခန်း၃ခုတီးပြီးရင် ၃မိနစ်ခန့် ပျင်းပေး(အဲ ယောင်လို့) နားပေးပါ ။ နားနေချိန်တွင် ခါးမတ်မတ်ထား၊ မျက်လုံးမှိတ်၍ ဥုံဖွလို့၃ခါအော် (အာ..ဒီလူတော့ x@%$! :) ) လက်ချောင်း ၊ လက်ဖျံ ၊ လက်မောင်း ၊ ပခုံးတို့ကို အကြောလျော့ပေး ဆုပ်နယ်ပေးခြင်းသည် ကြာကြာတီးမယ့် ခင်ဗျားအတွက် အလေ့အကျင့်ကောင်းများသာ ဖြစ်ပါလေတော့သတည်း … ။ ။

နောက်ပိုင်းလေ့ကျင့်ခန်းတွေလည်း staff note နဲ့ ရေးရမှာဆိုတော့ Ex-4ကစပြီး ရေးထား လိုက်ပါတယ် ။ နောက်တခန်းမှာ အကျယ်ရှင်းပြပါမယ် ။ မထူးတော့ပါဘူး ။ အခုပဲရှုပ်လိုက်ပါတော့မယ် ။  ခုရှုပ်မှနောင်ရှင်းတဲ့ ။ မှတ်လိုက်ပါအုံးနောင်ကြီးတို့ရေ ။ နောက်ပိုင်းဆို အသေးစိတ်ရှင်းစရာ မလိုတော့ပါဘူး ။ Exercisesသက်သက်တီးရမှာပါ ။ J အခုတော့ ဒီလိုပဲ တီးလိုက် စကားပြောလိုက်ပေါ့ ။ (တိုးတက်အုံးမယ် :D )

 

Staff notations

ဂီတကို လေ့လာသင်ယူမယ်ဆိုရင် ဂီတသင်္ကေတများကို ဖတ်ရှုဖို့ staff note ကိုနားလည်ရပါမယ် ။ ဂီတသင်္ကေတများအားလုံးကို line၅လိုင်း ၊ space၄ခု ပါဝင်တဲ့ staffပေါ်မှာသာ ရေးသားလို့ဖြစ်ပါတယ် ။ staffပေါ်တွင်ရေးသားသော Clefအမျိုးမျိုး ရှိကြပါတယ် ။ ဂစ်တာသမားအတွက် G Clef နှင့် Tablature ကိုတော့ အထူးလေ့လာရပါမယ် ။

 

G Clef

G Clef (သို့) Treble Clef ဆိုတာ Guitar, Violin , Flute , Oboe စတဲ့ အမြင့်သံတူရိယာများကို ရေးသားတဲ့ Clef တစ်ခုဖြစ်ပါတယ် ။ staff ၅လိုင်း ပေါ်တွင် အခြေခံရေးသားပြီး Line note နှင့် space note ဟုနှစ်မျိုး ရှိပါတယ် ။ Line note ဆိုတာ မျဉ်းပေါ်မှာရေးတဲ့နုတ်ဖြစ်ပြီး ၊ space note ဆိုတာ မျဉ်း၂ကြောင်းကြားမှာ ရေးတဲ့နုတ်ကိုပြောတာပါ ။ Tablatureနဲ့မတူပါဘူး ။ Tabက နေရာကိုပြပြီး staffက အသံ(pitch)ကိုဖော်ပြတာပါ ။ Pitchတွေကို Noteဖြင့်ရေးသားပြီး Noteတွေကိုတော့ အင်္ဂလိပ်အက္ခရာ AမှG A,B,C,D,E,F,G ဟု စာလုံး7လုံးဖြင့် အမည်ပေးထားပါသည် ။ (ကျွန်တော်တို့ ကကြီး ခကွေးနုတ်ဆိုပြီး ပြောင်းရအောင် :D) (Line notes) Lineပေါ်တွင်ရှိသော နုတ်များကတော့ (အောက်မှအပေါ်သို့) -

·         1st line = E

·         2nd line = G

·         3rd line = B

·         4th line = D

·         5th line = F  တို့ဖြစ်ပါတယ် ။ Every Good Boy Does Fine (မောင်ရင်ငတေ မိုက်ကန်းသည်) လို့အလွယ်မှတ်ထားလိုက်ပါ

Space notes(မျဉ်းကြားကနုတ်များ) ကတော့ (အောက်မှအပေါ်သို့) ----

·         1st space = F

·         2nd space = A

·         3rd space = C

·         4th space = E

တို့ဖြစ်ကြပါတယ် ။ အလွယ်မှတ်ထားဖို့က FACE သောက်ခွက် (အဲ) မျက်နှာဖြစ်ပါတယ် ။ အောက်ကပုံကိုကြည့်ပြီး နုတ်တွေကို အလွတ်ကျက်မှတ်ထားရပါမယ် ။ :(

Time Values အကြောင်း Rhythmတီးပြီးမှ ဆက်ရှင်းပါတော့မယ် ။ အခု Rhythm section ကို သွားကြရအောင် ။

 

Rhythm Exercises

Warm-up ပြီးရင် Rhythm လေ့ကျင့်ပါမယ် ။ Chord diagram ဖတ်နည်းကို ရှေ့ပိုင်းမှာ ရေးခဲ့ပြီးပါပြီ ။ ရေမနှုးတော့ပါဘူး ။ ပေးထားတဲ့ chord နှစ်ခုဟာ ဂစ်တာကို ထောင်လျက် အနေအထား ပြထားတဲ့ပုံစံပါ ။ ကြည့်တတ်နေပြီလို့ ယုံကြည်ပါတယ် ။ (ယုံလိုက်ပြီနော်)    

chordတွေ ကြည့်တတ်ပြီဆိုတော့ Rhythmတီးတဲ့အခါ လိုက်နာသင့်တဲ့ အချက်လေးတွေကို ပြောပြပါမယ် ။ Rhythm guitar တီးတဲ့အခါ -

·         pickကို ခပ်ရှည်ရှည်ထုတ်၍ ခပ်ဖွဖွကိုင်ထားပါ ။ (*pickနှင့်လက်မ ၉၀ ဒီဂရီ)

·         ခြောက်ကြိုးလုံး အားရပါးရတီးပစ်လိုက်ပါ ။ Floating ဖြစ်ပါစေ ။

·         တတောင်ဆစ်တစ်ချောင်းလုံးလွှဲ၍တီးပါ ။ လက်ကောက်ဝတ်လှုပ်ရုံမတီးပါနှင့် ။

·         chordအကူးအပြောင်းများကို ဂရုစိုက်ပါ ။ ဆိုလိုတာက ပထမဘားမှ ဒုတိယဘားသို့ ပြောင်းသောအခါ ဒုတိယဘား၏ ပထမစည်းချက်ကိုရောက်မှ chordကို ပြောင်းပါသည် ။ ဒုတိယဘားမရောက်မီ ပထမဘား၏ စတုတ္ထဘားတွင် chordကို လက်ကိုဖွလိုက်ခြင်း ၊ ကြိုတင်အရှိန်ယူခြင်း မပြုလုပ်ရပါ ။

·         chordကိုင်ထားသော လက်ချောင်းများကို ကြိုးတစ်ချောင်းချင်းတီးခတ်၍ အသံစစ်ဆေး ပေးပါ ။ ကြည်လင်ပီသသောအသံထွက်ရန် လိုအပ်ပါသည် ။

·         စည်းချက်(Beat)တိုင်းတွင် ခြေထောက်ပုတ်၍ 1 2 3 4 ဟုကျယ်ကျယ်ရွတ်ဆိုပါ ။ အခြေခံမှာ လုံးဝပြုလုပ်ရပါမယ် ။ ခြေထောက်မပုတ်ခဲ့ မအော်ခဲ့လျင် နောက်၂ရွက်မှာ တစ်နေပါလိမ့်မယ် ။

·         သံမဏိစည်းကမ်းကို ထပ်ပြောပါအုံးမယ် ။ "နှေးနိုင်သမျှ အနှေးဆုံးကိုတီးပါ" ….. ဒါပါပဲ

Ex – 4 Mp3 track = ex4

 

 * note - strumဆိုတာ လက်ခတ်ကိုပြောတာပါ ။ noteတစ်လုံးချင်းတီးတဲ့အခါ strokeလို့သုံးစွဲပြီး Rhythm တီးတဲ့အခါ strumလို့သုံးပါတယ် ။ countကတော့ beatingပါ ။ ခြေထောက်ပုတ်ဖို့နဲ့ ပါးစပ်ကရွတ်ဖို့ပါ ။ C chord diagram မှာ ၆ကြိုးကို (x)လုပ်ထားပါတယ် ။ မတီးရ/အသံမထွက်ရပါဘူး ။ ဒါပေမယ့် ဒီကော့ဒ်မှာတော့ တီးလည်းရပါတယ် chordရေးတဲ့ပုံစံ အနည်းငယ်သာပြောင်းသွားတာပါ ။ C/E လို့ရေးပါတယ် ။ အဓိပ္ပာယ်ကတော့   C-chord/bass-E ပါ ။ chord family ထဲကနုတ်ဖြစ်လို့ အသံထွက်လည်းရပါတယ် ။ အခြေခံ Rhythm guitar တီးတဲ့အခါ ကြိုး၆ကြိုးလုံးကို ညီမျှအောင်ခတ်ဖို့ လိုပါတယ် ။ ဒါကြောင့် အားရပါးရတီးပစ်လိုက်ပါ ။  အိုကေ … ဒီလေ့ကျင့်ခန်းကို ၅မိနစ်လောက်ထပ်တီးလိုက်ပါအုံး ။ ဒီ၂ကော့ဒ်ရရင် Jingle Bells တီးလို့ရပြီ ။ J (လာနောက်နေတယ်Rockသမားကို) ။ ဒါက Rhythm သွေးပူလေ့ကျင့်ခန်းပါ ။ ပထမဆုံး chord တွေဖြစ်လို့ သေချာမှတ်ထားလိုက်ပါအုံး ။ 


Time Values / Note values

Note values ကတော့ note/pitchတွေရဲ့ တန်ဖိုးကိုဖော်ပြတဲ့ အမှတ်အသားတွေဖြစ်ပါတယ် ။ noteတွေကို အမည်နှင့်တကွ မှတ်သားထားရပါမယ် ။ အထက်ပါဇယားသည် လွယ်ကူရှင်းလင်းတဲ့ American nameများဖြင့်ဖော်ပြထားခြင်းပါ ။ British nameများကိုလည်း မှတ်ထားသင့်ပါတယ် ။ (ကွင်းစကွင်းပိတ်ထဲမှာ British nameများကိုရေးပေးထားပါတယ်)

·         Whole note / (Semibreve)  စည်း(beat)၄ချက်တန်ဖိုးရှိ

·         Half note / (Minim)            စည်း၂ချက်တန်ဖိုးရှိ

·         Quarter note / (crotchet)    စည်း၁ချက်တန်ဖိုးရှိ

·         Eight note / (Quaver)         စည်းထက်ဝက်တန်ဖိုးရှိ …. ။

Whole note သည် စည်း4ချက်တန်ဖိုးရှိပါသည် ။ ဆိုလိုတာက Whole note တစ်လုံးကို တီးခတ်သောအခါ 1-2-3-4 ဟု စည်း၎ချက်(4-beats)ပြည့်အောင် သံရှိန်ကိုဆွဲထားရခြင်း ဖြစ်ပါသည် ။ ဥပမာ 4/4 timing ဟူသော common time မှာ (4-beats/1-bar)အပြည့် တီးခတ်ခြင်းကိုဆိုလိုပါသည် ။ ထိုသို့ 1-barအပြည့် တီးခတ်ရသောကြောင့် Whole note လို့ ခေါ်ဝေါ်ခြင်းဖြစ်ပါသည် ။ Half note ကတော့ 1-2 စည်း၂ချက်တန်ဖိုးရှိပါသည် ။ 1-bar၏ ထက်ဝက်၊စည်း၂ချက်တန်ဖိုးရှိသောကြောင့် Half note ဟုခေါ်ဆိုခြင်းဖြစ်ပါသည် ။ Quarter note သည်လည်း 1-beat တန်ဖိုးရှိ၍ 1-bar တွင် Quarter note ၄လုံးပါဝင်သောကြောင့် Quarter note လို့ခေါ်ခြင်းပါ ။ Eight noteကတော့ 4-beatsပါဝင်သော1-barတွင် ၈လုံးပါဝင်သောကြောင့် Eignt noteလို့ ခေါ်ဆိုခြင်းဖြစ်ပါသည် ။ 4-beatsပါဝင်သော1-barတွင် ၈လုံးပါဝင်သောကြောင့် 1-beatတွင် နုတ်၂လုံးတန်ဖိုး ရှိပါသည် ။ ဒါ့ကြောင့် Eight noteကိုရေတွက်တဲ့အခါ ခြေထောက်အား

နင်းကြွ-နင်းကြွ-နင်းကြွ-နင်းကြွ ပုတ်၍ 1and-2and-3and-4and ဟုရွတ်ဆိုရပါမည်။ပုံကိုကြည့်ပါ။

ဒါက Eight note ရေတွက်ပုံပါ ။ Eight note မှ အကြွနေရာများကို off-beat လို့ခေါ်ပါတယ် ။

Rest (ရပ်နားခြင်းသင်္ကေတများ)

Rest ဆိုတာ တီးခတ်ခြင်းမပြု၊ရပ်နားရမယ့် သင်္ကေတများ ဖြစ်ပါတယ် ။ Whole rest ဆိုလျင် 1-bar/4-beats ရပ်နား ၊ Half rest ဆိုလျင် 2beats ဘားဝက်နား၍ ၊  Quarter rest ဆိုလျင် 1beat ရပ်နား ၊ Eight rest ဆိုလျင် half beat / စည်းချက်တဝက် ရပ်နားရပါမည် ။ Time values ဇယားကွက်ကိုကြည့်၍ Note နှင့် Rest ကို တွဲမှတ်ထားလိုက်ပါ

Time signatures

Time signature ကတော့ နရီပြအမှတ်အသားပါ ။  ကိုယ်တီးခတ်မယ့် သီချင်းရဲ့ နုတ်အမျိုးအစားနဲ့ စည်းအရေအတွက်ပါ ။ simple and compound time signature ဟူ၍ timingအမျိုးအစားများစွာရှိသော်လည်း အများဆုံးကြုံတွေ့ရမှာတော့ common time ခေါ် 4/4 timing ပါပဲ ။ ဒီပုံလေးကိုကြည့်ပါ ။

G-Clef ၏နောက်တွင် ရေးထားတဲ့ 4/4 2/4 6/4 6/8 ဆိုတာတွေက Time signatureတွေပါ ။ အပေါ်ဘက်မှာရေးထားတဲ့ 4ဆိုတာက 1-barတွင်ပါဝင်သော beat/စည်းချက်အရေအတွက်ပါ ။ 4လို့ရေးထားတဲ့အတွက် 1-2-3-4လို့ ၄ချက်ရေတွက်ပါမယ် ။ အောက်ဘက်မှာရေးထားတဲ့ 4ကတော့  beatရဲ့နုတ်တန်ဖိုးပါ ။ 4ဆိုသောကြောင့် Quarter note ဖြစ်ပါတယ် ။ ဒါကြောင့် 4/4 timing ဆိုသည်မှာ 1-barတွင် Quarter note ၄လုံး(ပါဝင်၍) ၄ချက်ရေတွက်ရသော timingအမျိုးအစားပင် ဖြစ်ပါလေတော့သတည်း ။ (ဖောက်လာပြီ … ဒေါင်းဂျား)

ကဲ..ခင်ဗျားလက်လည်း warm-upလုပ်ပြီးပြီ ။ chord၂ခုလည်းတီးပြီးပြီ ။ staff note လည်းဖတ်တတ်ပြီဆိုတော့ကာ ၁ကြိုးပေါ်က note တစ်ချို့တီးလိုက်ရအောင် …. ။

ဒီပုံထဲက note တွေကိုတစ်ခေါက်လောက် ပြန်နွှေးလိုက်ပါအုံး ။ (ရှေ့မှာပြောပြီးသားပါ)

Line note များ - (အောက်မှအပေါ်) = E G B D F

Space note များ - (အောက်မှအပေါ်) = F A C E 

 


နောက်တစ်ခု - ၁ကြိုးပေါ်မှ နုတ်တွေကို ကြည့်ရအောင်

လွယ်လွယ်လေးပါ ။ ပထမဆုံးတွေ့တဲ့နုတ်လုံးလေးဟာ 4th space မှာရေးထားပါတယ် ။ ဒါကြောင့် space note တွေကိုပြန်ရွှတ်ကြည့်ပါ ။ "F A C E" ။ အဲ့တော့ 4th space (E)နေရာမှာ ရေးသားထားသောကြောင့် အဲဒီနုတ်လေးကို E လို့သိလိုက်ရပါပြီ ။ နောက်တစ်လုံးက Eနုတ်ရဲ့အပေါ် 5th lineမှာ ရေးထားတဲ့နုတ်ပါ ။ Line noteတွေကို ပြန်ရွတ်ပါ ။ E G B D F ။ 5th line မှာရေးထားတဲ့အတွက် Fလို့သိနိုင်သလို  staff noteရဲ့သဘောဟာ အောက်မှအပေါ်သို့ အင်္ဂလိပ် အက္ခရာများကို အစဉ်လိုက်ရေးထားတဲ့အတွက် ၊ 4th space (E)ရဲ့အပေါ် 5th lineမှာ တွေ့တဲ့အတွက်ကြောင့်လည်း Fလို့အလွယ်တကူ နားလည်နိုင်ပါတယ် ။ ဂစ်တာပေါ်မှာတော့ ၁ကြိုး-လက်ကွက်၁ပါ ။ ဒါဆိုနောက်နုတ်တလုံးဖြစ်တဲ့ Gဟာ မည်သည့်line မည်သည့်spaceတွင်မှ မပါဝင်ပေမယ့် 5th line (F)ရဲ့အပေါ်မှာ ရေးထားတဲ့အတွက် Gဆိုတာ နားလည်လိုက်ပါပြီ ။ ဂစ်တာပေါ်မှာတော့ ၁ကြိုး-လက်ကွက်၃ ပါ ။ ဒါဆို အခုလေ့ကျင့်မယ့် ၁ကြိုးပေါ်မှနုတ်တွေက -

·         E (4th space) ၁ကြိုး-လွှတ်ကြိုး

·         F (5th line) ၁ကြိုး-လက်ကွက်၁-လက်ချောင်း၁

·         G (above 5th line) ၁ကြိုး-လက်ကွက်၃-လက်ချောင်း၃ တို့ပါပဲ ။

လေ့ကျင့်ခန်းတွေနှင့်အတူ ဒီနုတ်၃လုံးကို မှတ်မိအောင်လုပ်ပါ ။ နုတ်တွေကိုကြည့်ပြီးတီးပါ ။ အသံကိုအလွတ်ကျက်ပြီး မတီးပါနဲ့ ။ Tabကိုကြည့်ပြီး မတီးပါနဲ့ ။ လေ့ကျင့်တဲ့အချိန်မှာ နုတ်ကိုပါးစပ်ကရွတ်ဆိုပေးပါ ။ ရည်ရွယ်ချက်က နုတ်တွေကို လက်တန်းဖတ်နိုင်ဖို့ဖြစ်ပါကြောင်း နှင့်

ဒီအခြေခံကစပြီး အလေ့အကျင့်ကောင်းတွေ လုပ်သွားပါမယ် ။ အဲဒါကတော့ F ကိုတီးပြီး G ကို တီးတဲ့အခါ F တီးခဲ့သောလက်ချောင်း-၁ကိုမလွှတ်ဘဲ ဆက်ဖိထားပါ ။ speedအတွက် အခြေခံ building ဖြစ်ပါတယ် ။ ကြိုးစားတီးကြည့်ပါ ။ Exeအားလုံး down-strokeနဲ့တီးပါ ။ ပျော်ရွှင်ပါစေ ။ 

Ex – 5  Mp3 track = ex5 (လေ့ကျင့်ခန်းတစ်ခုကို ၃မိနစ်ခန့်တီးပေးပါ)

Ex – 6 Mp3 track =ex6

Ex – 7 , Half and Quarter note Mp3 track = ex7

Quarter နဲ့ Half note ပေါင်းထားတာပါ ။ Half noteကို 2-beatsဆွဲဖို့သတိထားပါ ။

 

Ex – 8 Mp3 track = ex8

လွယ်ဘာဒယ်နော့ J အောက်ကစုပေါင်းစပ်ပေါင်းလေး တီးကြည့်ပါအုံး Tabမရေးတော့ဘူးနော်

Ex – 9 Mp3 track = ex9

Ex – 10 Mp3 track = ex10

Ex – 11 Mp3 track = ex11

Ex – 12 Mp3 track = ex12

Ex – 13 Mp3 track = ex13 (*နောက်ဆုံးဘားထိတီးရပါမည်)

 

အလို…မယုံနိုင်စရာပါလား ။ ဒီနေ့ ခင်ဗျား E,F,G ဆိုတဲ့ staff-note ၃လုံးကို ခပ်တည်တည်နဲ့ တီးပစ်လိုက်နိုင်ပြီ ။ ဂုဏ်ယူပါတယ် ရော့ကာ ။ စည်းကမ်းလိုက်နာ နည်းစနစ်ကျရင် ဘယ်လောက် လွယ်ကူတယ် ဆိုတာ ခင်ဗျားသဘောပေါက်သွားပြီ ။ (ထင်တာပဲ) ။ မိုင်၁၀၀၀ခရီးရဲ့အစဟာ ရွာထိပ်ဇရပ်က ဆိုသလို နောက်ပိုင်းသင်ခန်းစာများမှာ ပိုမိုလွယ်ကူအောင် တီးခဲ့သမျှ လေ့ကျင့်ခန်းတွေကို တစ်ခေါက်လောက်ပြန်ပြီး ကျွတ်ကျွတ်ဝါးလိုက်ပေအုံးဗျို့။။။။။

Section တစ်ခုတီးပြီးတိုင်း ၂မိနစ်ခန့် break-time ယူနိုင်ပါတယ် ။ Section အားလုံး တီးပြီးသွားရင်တော့ break-time အကြီးစားယူချင်ယူပေါ့  ။ (ရှက်ကီဆိုင်တော့မသွားနဲ့နော်) ။  ဒီလေ့ကျင့်ခန်းအားလုံးအတွက် Tempo ကို 60bpm ဖြင့်သာတီးပါ ။ bpmဆိုတာ beat per minute / ၁မိနစ်မှာ ပါဝင်တဲ့ စည်းချက် အရေအတွက်ကို ပြောခြင်းဖြစ်ပါတယ် ။ 60bpm ဟာ ၁မိနစ်မှာ စည်းချက်၆၀ ပါဝင်တဲ့အတွက် ၁စက္ကန့်မှာ စည်းတစ်ချက်ဖြစ်ပါတယ် ။ Metronome မရှိခဲ့လျင် နာရီလက်တံ(စက္ကန့်တံ)ကိုကြည့်ပြီး ရေတွက်နိုင်ပါတယ် ။ ဒီလေ့ကျင့်ခန်းတွေက PLAN-1အတွက်ပါ ။ ဒီနေ့ ဒါတွေကို ကျေညက်အောင်ဖို့ အနည်းဆုံး၂ခေါက် လေ့ကျင့်ရပါမယ် ။ လေ့ကျင့်ခန်းအကြိမ် အရေအတွက် ကတော့ ခင်ဗျားတို့သဘောပဲ … :D  လက်ချောင်းလေးတွေ ဒဏ်ဖြစ်အောင်တော့ မလုပ်နဲ့ပေါ့ ။ Sectionအားလုံးပြီးသွားတဲ့အချိန် နားချိန်ယူပြီး လက်တွေကိုအကြောလျော့ပေး ၊ ဆုပ်နယ်ပေးနော် ။ OK !

C U honey ! မနက်ဖြန်လာအုံးနော့ … ဟဲ ဟဲ ဟဲ  :P

plan1- အသံဖိုင်များဒေါင်းလုပ်ရန် adf.ly/ReRpO


PLAN-2

      "ဂွတ်မောနင်း အသင်လောက … ဆင်ဘောကျရင် ဘာဆေးကျွေးမလဲ ….  !!! "

 

warm-up နောက်တစ်မျိုးနှင့် စလိုက်ရအောင် ။ (နောက်ပိုင်းတွင် Fingering ဟုရေးသွားပါမည် ။) စည်းကမ်းတွေက အရင်နေ့ကပြောပြီးပါပြီ ။ အဲဒီအတိုင်း ဂရုတစိုက်လိုက်နာပြီးတီးပေးပါ ။ ဒီလေ့ကျင့်ခန်းမှာ သတိထားဖို့ကတော့ လက်ချောင်း၁တီးပြီး လက်ချောင်း၂ တီးသောအခါ လက်ချောင်း၁ကို မလွှတ်ဘဲ ဆက်နှိပ်ထားဖို့ပါ ။ picking down-strokeပါ ။ ဒါပါပဲ ။ အိုကေ စပြီ ။

 

 

Ex – 14 Mp3 track = ex14

 

လေ့ကျင့်ခန်း 15တွင်လည်း လက်ချောင်း၂တီးပြီး လက်ချောင်း၎ တီးသောအခါ လက်ချောင်း၂ကို ဆက်လက်နှိပ်ထားပါ ။ ပုံမှာပြထားတဲ့အတိုင်းပါပဲ ။ ။

Ex – 15 Mp3 track = ex15

 

E x - 16 Mp3 track= ex16 (*လက်ချောင်း၁ ကိုမလွှတ်ဘဲ ဆက်နှိပ်ထားပါ)

 (*လေ့ကျင့်ခန်းအားလုံးမှာ ရှေ့လက်ချောင်းကိုတီးပြီးတိုင်း မလွှတ်ဖို့ပါပဲ)

 

Rhythm Section

မနေ့က ကော့ဒ်နှစ်ခုကိုပြန်တီးပါမယ် ။ ရေးနည်းပုံစံပြောင်းသွားပါပြီ ။ staff-note ကိုနားလည်ပြီ ဆိုတော့ staff notation ဖြင့် Rhythm တီးပါမယ် ။ (အထာကျတာပေါ့ J)

 

Ex – 17 Mp3 track = ex17

  အဆင်ပြေမယ်ထင်ပါတယ် ။ ရိုက်ချက်(strum)တွေကို Quarter note ဖြင့်ဖော်ပြထားတာပါ ။  Rhythmကိုရေးတဲ့အခါ နုတ်အသံကိုမဖော်ပြဘဲ ရိုက်ချက်ကိုသာဖော်ပြသောကြောင့် နုတ်ခေါင်းကို အလွယ်သဘောဖြင့် အပြားလိုက်ရေးထားပါတယ် ။ ကော့ဒ်တစ်ခုကို ၂ဘားစီတီးထားပါတယ် ။

 

Ex – 18 Mp3 track = ex18

 

Ex – 19 Mp3 track = ex19

ကော့ဒ်တစ်ခုကို ဘားဝက်ဆီတီးထားတာပါ ။ စည်းချက် 1-2တွင်C , စည်းချက် 3-4တွင်G7 , ရှေ့ဆုံးဘားမှာပိုင်းခြားပြထားပါတယ် ။ နောက်တစ်မျိုးလောက် အားပေးလိုက်ပါအုံးးး

Ex – 20 Mp3 track = ex20

နောက်ဆုံးဘားမှ half note strum ကိုသတိထားပါ ။ beat3တွင်တီး၍ beat4ကို ထပ်မတီးတော့ဘဲ စည်း၂ချက်ဆွဲထားရပါမည် ။

ဒီနေ့အတွက် Rhythm section ပြီးပါပြီ ။ ကျေးဇူးတင်ပါတယ် ။ ဖျာလေးတွေလိပ်ပြီး တံမြက်စည်းလေးတွေလှဲပေးသွားကြပါ ။ ။

 

မနေ့က ၁ကြိုးပုံစံအတိုင်းပါပဲ ။ ဒီနေ့တီးမယ့် နုတ်တွေကတော့ -

·         B (3rd line) ၂ကြိုး-လွှတ်ကြိုး

·         C (3rd space) ၂ကြိုး-လက်ကွက်၁-လက်ချောင်း၁

·         D (4th line) ၂ကြိုး-လက်ကွက်၃-လက်ချောင်း၃

စည်းကမ်းတွေသိနေပြီဖြစ်လို့ အာလူးမဖုတ်တော့ပါဘူး ။ စလိုက်ရအောင်ဗျာ …. ။

Ex – 21 Mp3 track = ex21

Ex – 22 Mp3 track = ex22

အောက်ကလေ့ကျင့်ခန်းတွေမှာ လက်ညိုးဆက်နှိပ်ထားဖို့မရေးတော့ဘူး။သိနေပါပြီနော်…။

Ex – 23 Mp3 track = ex23

Ex – 24 Mp3 track = ex24

Ex – 25 Mp3 track = ex25

Ex – 26 Mp3 track = ex26

Ex – 27 Mp3 track = ex27

 

Ex – 28 Mp3 track = ex28

 

PLAN-2 ရဲ့သင်ခန်းစာတွေပြီးသွားပြန်ပါပြီ ။ ဇယားလေးနဲ့ကြည့်လိုက်ပါအုံး ။။

plan2- အသံဖိုင်များဒေါင်းလုပ်ရန် adf.ly/ReRri


Make a free website Webnode