PLAN-3
" သြော်..လူတွေ လူတွေ … ကိုယ့်အမျိုးကျတော့ ဒီအရွယ်ရောက်မှ စာကျက်နေရသလား ဘာလားနဲ့ … ဆိုကရေးတီး အသက်၆၀ကျော်မှ အကသင်တာကျတော့ အားကျအမွှန်းတင် နေလိုက်ကြတာ …. တတ်လည်းတတ်နိုင်ပါ့ !!! "
ဂရုမစိုက်နဲ့သူငယ်ချင်း .. ပြောချင်တာ ပြောကြ … Fingeringလေးစလိုက်ရအောင် နော့ ။ ။
ဒီတစ်ခါတော့ လက်ချောင်း၎ချောင်းလုံးကို တပြိုင်တည်းတီးကြတာပေါ့ ။ သတိထား စရာတွေရှိပါတယ် ။ လက်ချောင်းများ အစဉ်လိုက်တီးသောအခါ ရှေ့တွင်တီးခဲ့သော လက်ချောင်းများကို မလွှတ်ဘဲ ဆက်၍နှိပ်သွားရပါမည် ။ ဥပမာ - ၁ကြိုး-လက်ကွက် ၁၊၂၊၃၊၄ပေါ်တွင် လက်ချောင်း၁၊၂၊၃၊၄ အစဉ်လိုက်တီးသောအခါ လက်ချောင်း၎ ရောက်သည်အထိ ရှေ့ကတီးခဲ့သောလက်ချောင်း ၁၊၂၊၃များကို မလွှတ်ဘဲ အစဉ်လိုက်ဖိနှိပ်လာရပါမည် ။ ကျေးဇူးတင်ပါသည်
Ex – 29 Mp3 track = ex29

Ex – 30 Mp3 track = ex30
* လက်ချောင်း ၂၊၃၊၄ ကို အစဉ်လိုက် မလွှတ်ဘဲဆက်နှိပ်၍တီးသွားပါ ။
Ex – 31 Mp3 track = ex31
လက်ချောင်း ၃၊၄ နှင့် လက်ချောင်း ၁၊၂ကို မလွှတ်ဘဲ အစဉ်လိုက်ဆက်နှိပ်သွားပါ ။ လေ့ကျင့်ရမယ့် လက်ချောင်းသဘောတရားကို ပေါက်ပြီထင်ပါတယ် ။ နောက်ပိုင်းမှာ ထည့်မရေးတာ့ပါဘူး ။ ဒီနည်းတွေကိုပေါ့သေးသေးမထင်စေချင်ပါ ။ ဒီနည်းစနစ်တွေဟာ ဝူတန်ဂိုဏ်းချုပ်ကြီးတွေ အဆက်ဆက်သူတို့ရဲ့အတွင်းအကျီ င်္ထဲမှာ လျှို့ဝှက်စွာ ထိန်းသိမ်းလာခဲ့ ကြတာပါ ။ ကျွန်တော်ကိုယ်တိုင် ပါတီတစ်ခုမှာ သူမူးလဲတုန်း အလစ်သုတ်ခဲ့ရတာ ။ (နည်းနည်းတော့နံတာပေါ့နော်) ။ :D
Ex – 32 Mp3 track = ex32

ဒီနေ့အတွက် အတွင်းအားလေ့ကျင့်ခန်းများ ပြီးသွားပါပြီ ။ ဆက်လက်ပြီး ထရံကြားက အမှန်တရား သိုင်းကွက်များကို လေ့ကျင့်ကြရအောင် ။ ။ ယိစ် ယိစ် ယိစ် …. အား …. ။ ။
Rhythm သိုင်းကွက်သစ် ၃ ကွက်
A-chordနှင့်E-chordကို ကြိုး၆ကြိုးစလုံးတီးပါမယ် ။ D-chordကိုတီးခတ်တဲ့အခါ နံပါတ်၆ကြိုးရဲ့ အသံကိုလုံးဝမထွက်ရပါ ။ နံပါတ်၆ကြိုး Eသံသည် D-chord၏ family note တွင် မပါဝင်သောကြောင့် ဖြစ်ပါသည် ။ chordအားလုံးသည် open chord များဖြစ်ကြပါသည် ။ chordအကုးအပြောင်းများ ဂရုစိုက်ပါ ။ ခြေထောက်ပုတ် ၊ လက်ကတီး ၊ ပါးစပ်ကလည်းရွတ်ဆိုပါ ။
Ex – 33 Mp3 track = ex33
Ex – 34 Mp3 track = ex34

Ex – 35 Mp3 track = ex35

Ex – 36 Mp3 track = ex36

အိုး ဟို … သိုင်းကွက်သစ် ၃ကွက်လည်းရပြီ ။ လက်နက်ပုန်းပစ်ကျင့်လိုက်ရအောင် … ဝှစ်.. ရွှီးးး
PLAN-1 နှင့် PLAN-2တွင် ၁ကြိုးနှင့်၂ကြိုးပေါ်မှ နုတ်များကို တီးပြီးခဲ့ပါပြီ ။ အခု ၁နှင့်၂ကြိုး နှစ်ကြိုးပေါင်းကို လေ့ကျင့်ပါမယ် ။ ။ စည်းကမ်းတွေကို သတိထားပါ ။




























